Room (108), Level-1, Time Link Condo,Corner of Dhammazedi Road, Link Road, Bahan Township.
info@shichidamyanmar.com
09 260 290005
Home
About Us
Our Programs
Infant Course Program
Cloud Online Learning Program
Baby Course
Perantal Course
Brain And Body Integration Course
Primary Course Program
Testimonial
Our Awesome Kids
Parent’s Feedback
Our Activity
Parenting Blogs
Join Our Team
Contact Us
English
ဗမာစာ
Parent's Feedback
Shichida Myanmar Parents's Talk Out Speeches With Kyal Lay's Mommy
နှလုံးသားနဲ့ အဖြေရှာ (Celebrity Parents)
Parents Sharing Section (U Phyo Min Shwe - Mya Thadar Shwe's Dad)
Parents' Sharing Section (May Moe Set's Mom)
ွShichida Myanmar Parents's Talk Out Speeches With Theinga Aung's Mommy
Parents Sharing Session : Daw Phyo Wai Wai Thein
Parents Sharing Section about Parenting Workshop
နွေးထွေးသော အသိုက်အမြုံတစ်ခု
Parenting Section Section - U Sein Myo Myint (Oakkar Moe Myint's Daddy)
1/2
<
>
Shichida Myanmar Parents's Talk Out Speeches With Kyal Lay's Mommy
<
>
နှလုံးသားနဲ့ အဖြေရှာ (Celebrity Parents)
ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ မှန်ကန်တဲ့ Parenting နည်းစနစ်နဲ့ ပျိုးထောင်ဖို့ကအရေးအကြီးဆုံးပါပဲ။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို အထက်မြတ်ဆုံး Genius တွေအဖြစ်ကြီးပြင်းစေချင်ကြတယ်၊ စည်းကမ်းရှိတဲ့ လူတော်လေးတွေအဖြစ် ကြီးပြင်းစေချင်ကြတယ်၊ ဒီလိုကြီးပြင်းလာကြစေဖို့အတွက်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပဲ့ပြင်ဆုံးမကြပါတယ်။ Shichida အနေနဲ့လည်း သားသမီးကို ပျိုးထောင်ဖို့အတွက် မိဘတိုင်းရှာဖွေနေတဲ့ မေးခွန်းလေးတွေ၊ သိဖို့လိုအပ်တဲ့ မေးခွန်းလေးတွေကို Shichida မှာတက်ရောက်နေတဲ့ ဘေဘီလေးတွေရဲ့ ဖေဖေ၊ မေမေတွေဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နဲ့ အနုပညာရှင် အသီးသီးတို့ကို မေးမြန်းပြီး Interview လေးတွေလုပ်ခဲ့တဲ့အခါ ကိုယ်ချစ်တဲ့ ဘယ်အနုပညာရှင်တွေကရော ဘယ်လိုဖြေထားခဲ့လဲ ? သူတို့ရဲ့ ဘေဘီလေးတွေကို ဘယ်လိုမျိုး ပျိုးထောင်နေလဲ ? ဆိုတာတွေကို အတုယူဖွယ်တွေ့မြင်ရမှာပဲ ဖြစ်လို့ Video လေးကို ကြည့်ရှုပေးကြပါဦးနော်။
<
>
Parents Sharing Section (U Phyo Min Shwe - Mya Thadar Shwe's Dad)
"Dad – A daughter first love, a son first hero" အဖေဆိုတာ သားလေးတွေရဲ့ ပထမဆုံး သူရဲကောင်းဖြစ်သလို သမီးလေးတွေရဲ့ ပထမဆုံး အချစ်လည်း ဖြစ်ပါတယ်။ သမီးလေးတွေဟာ အဖေတွေကို ပိုပြီးခင်တွယ်တတ်ကြတာသဘာဝပါ။ ဖခင်တွေကိုယ်တိုင်ကလည်း သမီးလေးတွေနဲ့ နီးနီးစပ်စပ်နေပြီး သမီးလေးတွေရဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာ ကိစ္စလေးတွေမှာ ပါဝင်ကူညီပေးခြင်းဟာလည်း ချစ်ခြင်းမေတ္တာနဲ့ အကောင်းဆုံး ပျိုးထောင်နည်းတစ်ခုပဲ ဖြစ်ပါတယ်။ "အတန်းတက်ပြီး သမီးလေးက ဘယ်လိုပြောင်းလဲသွားလဲဆိုတော့ အရမ်းသွက်လာတယ်။ လူလည်းမကြောက်ဘူး။ တစ်ခုခုဆိုရင် မှတ်ဉာဏ်အားလည်း အရမ်းကောင်းလာတယ်။ သမီးလေးနဲ့ တူတူအတန်းတက်တဲ့ အတွက်ကြောင့် သမီးလေးရဲ့ စိတ်ထားကို ပိုပြီး သိလာတယ်။ ပြီးတော့ သမီးလေးနဲ့ ပိုပြီး နီးစပ်သလိုလည်း ခံစားလာရပါတယ်။" ဦးဖြိုးမင်းရွှေ (သမီးလေး မြသဒ္ဒါရွှေ၏ ဖခင်) ဒီ Video လေးထဲမှာတော့ သမီးလေးရဲ့ ဖေဖေဟာ အလုပ်တာဝန်တွေနဲ့ မအားလပ်လို့ ကလေးနဲ့ အနေစိမ်းသွားတယ်ဆိုတာမျိုးမဖြစ်ရလေအောင် ရတဲ့အချိန်လေးမှာ သမီးလေးနဲ့ လမ်းအတူလျှောက်ပေး၊ ဆော့ကစားပေး၊ လေ့ကျင့်ခန်းတွေ အတူလုပ်ပေးရင်း အချိန်ပေးလေ့ရှိပုံလေးတွေကို မျှဝေပေးထားတာမို့ တခြားမိဘတွေလည်း လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်ရှင်။
<
>
Parents' Sharing Section (May Moe Set's Mom)
<
>
ွShichida Myanmar Parents's Talk Out Speeches With Theinga Aung's Mommy
<
>
Parents Sharing Session : Daw Phyo Wai Wai Thein
လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်ကတည်းက Shichida နဲ့ ယုံယုံကြည်ကြည်လက်တွဲခဲ့တဲ့ မေမေတစ်ဦးရဲ့ပီတိစကား မေမေဒေါ်ဖြိုးဝေေ၀သိန်းဟာ Shichida မှာတက်ရောက်နေတဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ Lydia Ko နဲ့ Tay Tay Nge တို့ရဲ့ မိခင်ဖြစ်ပါတယ်။ သမီးကြီးလေး Lydia Ko ကတော့ Shichida မှာအသက် ၁ နှစ် ၂ လ အရွယ်ကတည်းက တက်ရောက်ခဲ့တာဖြစ်ပြီး အခုဆို အသက် ၄ နှစ်ရှိပြီမို့ Shichida မှာတက်ရောက်ခဲ့တာ ၃ နှစ်ဝန်းကျင်ဖြစ်နေပါပြီ။ Shichida မှာတက်ရောက်နေစဉ်အတွင်း သမီးကြီးလေးရဲ့တိုးတက်မှုအစွမ်းကို အသက် ၁ နှစ်ခွဲဝန်းကျင်မှာကတည်းက စတင်မြင်တွေ့ခဲ့ရပြီး အခု Pre-school တက်နေစဉ်အချိန်အတွင်းမှာလည်း Shichida မှာလေ့ကျင့်ခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့် Pre-school မှာသင်ကြားရာမှာလည်း မြန်ဆန်စွာသင်ယူနိုင်ပုံနဲ့ Pre-school ကဆရာ/မ တွေရဲ့ Feedback နဲ့ Recommend ကောင်းတွေရရှိပုံကို Video လေးထဲမှာအသေးစိတ်မျှဝေပေးထားပါတယ်။ သမီးငယ်လေး Tay Tay Nge ကတော့ အသက် ၁ နှစ်ခွဲဝန်းကျင်မှာကတည်းက Eng Sentence လေးတွေနဲ့ Card လေးတွေကိုမှန်ကန်စွာရွေးချယ်နိုင်နေပြီဖြစ်ပါတယ်။ Shichida ရဲ့ နည်းလမ်းတွေအကုန်လုံးကို ကြိုက်နှစ်သက်ပြီး သမီးငယ်လေးတိုးတက်ဖို့ တီချယ်တွေနဲ့အတူတူပူးပေါင်းလုပ်ဆောင်ခဲ့ပုံ၊ အခက်အခဲကြုံလာတိုင်း တီချယ်တွေဆီက ရရှိခဲ့တဲ့အကြံဉာဏ်တွေက များစွာအထောက်အကူဖြစ်ခဲ့ပုံတွေကို Video လေးထဲမှာမျှဝေပေးထားပါတယ်။ ကလေးတစ်ယောက်တိုးတက်ဖို့ မိဘနဲ့ ဆရာတို့ရဲ့ ကူညီပံ့ပိုးမှုက များစွာအရေးကြီးပါတယ်။ မေမေတို့ရဲ့ဒီလို မျှဝေပေးမှုတွေဟာ Shichida အတွက်တော့ ရှေ့ဆက်ရမယ့်ခွန်အားတွေပဲမို့ ယခုလိုပြောပြပေးတဲ့ သမီးလေးတို့ရဲ့ မေမေဒေါ်ဖြိုးဝေေ၀သိန်းကိုလည်း အထူးကျေးဇူးတင်ရှိပြီး ဂုဏ်ယူဝမ်းမြောက်စွာနဲ့ Video လေးကိုမျှဝေပေးလိုက်ရပါတယ်နော်။
<
>
Parents Sharing Section about Parenting Workshop
<
>
နွေးထွေးသော အသိုက်အမြုံတစ်ခု
“နားတဲ့အချိန်မှာ မိသားစုနဲ့တူတူအချိန်ပေးဖြစ်တယ်။ မိသားစုနဲ့တူတူ ကလေးဖတ်ချင်တဲ့ စာအုပ်လေးတွေ တူတူဖတ်ပြတယ်။ သူနဲ့တူတူ ကစားပေးတယ်။ ဆော့ပေးတယ်။” ဖေဖေ Captain ထွေးအောင်လွင် “အမအမျိုးသား သင်္ဘောတက်နေတဲ့အချိန်မှာ အမက သားလေးနဲ့ ဖေဖေနဲ့ မစိမ်းသွားဖို့ အမြဲစဉ်းစားပေးရတယ်။” “သားလေးက ငယ်သေးတော့ အမကသူ့ကို Pressure တွေပေးပြီး စာသင်တာမျိုး မလုပ်ချင်ဘူး။ အမက သူနဲ့တူတူဆော့ပေးတယ်။ ချစ်ခြင်းမေတ္တာကို အခြေခံပြီး တော့ မေးခွန်းလေးတွေ ဖြေပေးတယ်။ ပြီးတော့ သားလေးကိုလည်း ချစ်ခြင်းမေတ္တာကိုအခြေခံပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမျိုးမှာပဲ အမက ကြီးပြင်းစေချင်တယ်။” မေမေ ဒေါ်ခင်ယုယုနိုင် ဒါတွေကတော့ Shichida မှာ လက်ရှိတက်ရောက်နေတဲ့ အသက် ၃ နှစ်နဲ့ ၉ လအရွယ်သားလေး ဇွဲသုတရဲ့ ဖေဖေ နဲ့ မေမေတို့ရဲ့ ရင်တွင်း စကားသံတွေပဲ ဖြစ်ပါတယ်။ မိဘ (အထူးသဖြင့်) ဖေဖေတွေဟာ အိမ်တစ်အိမ်ရဲ့ အိမ်ထောင်ဦးစီးတွေ ဖြစ်တာမို့ မိသားစုအတွက် အမြဲအချိန်မပေးနိုင်ပဲ အဝေးမှာ စီးပွားရှာနေရတာမျိုးတွေ ရှိကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိသားစုတွေ အနေဝေးနေပေမယ့် နှလုံးသားချင်းနီးစပ်နိုင်ဖို့၊ ကလေးကို ချစ်ခြင်း မေတ္တာနဲ့ နွေးထွေးမှုတွေ အမြဲပေးနိုင်ဖို့ ကြိုးစားဖန်တီးလို့ရပါတယ်။ ဇွဲလေးရဲ့ ဖေဖေဟာဆိုရင် မိသားစုကို အမြဲအတူနေပြီး အချိန်မပေးနိုင်ပေမယ့် ရှိတဲ့အချိန်လေးမှာ သားလေးအတွက် အမြဲဦးစားပေးစဉ်းစားတယ်။ ဖေဖေရော မေမေရော ၂ ယောက်လုံးဟာ သားလေးအတွက် ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးတဲ့ အသိုက်အမြုံတစ်ခုကို အမြဲဖန်တီးပေးထားတာဟာ မိသားစုတိုင်းအတွက် လေးစားအတုယူဖွယ်ကောင်းလှတာမို့ Shichida မှ မျှဝေပေးလိုက်ပါရစေရှင်။ သားလေးဇွဲသုတရဲ့ The Town Mouse and The Country Mouse ဆိုတဲ့ အင်္ဂလိပ်ဘာသာစကား ပုံပြင်စာအုပ်လေးဖတ်ပြနေတဲ့ Recitation Ability Video လေးကိုလည်းအောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်ရှင်။
<
>
Parenting Section Section - U Sein Myo Myint (Oakkar Moe Myint's Daddy)
“Shichida Method က Right Brain Train တာတင်မဟုတ်ပဲ မေတ္တာတရားကို အခြေခံတာဖြစ်တဲ့အတွက် သဘောကျတယ်။ သားကငယ်ငယ်ကတည်းက Train ထားတော့ တော်တော်လေး တိုးတက်တယ်။ Eye Training တွေမှာဆိုရင် အခန်းတစ်ခန်းကို ဝင်လိုက်တာနဲ့ ပစ္စည်းတစ်ခုကို ဘယ်နားဘာရှိတယ်ဆိုတာ ချက်ချင်းပြောနိုင်တယ်။ Pi Memorization တွေကြောင့် Brain ကချဲ့ထားတဲ့ အတွက် ပိုပြီးတော့ မှတ်နိုင်စွမ်းလည်းရှိတယ်။ ပြောနိုင်စွမ်းလည်း ရှိလာတယ်။” “ကလေးတွေကို မေမေတွေတင်မဟုတ်ပဲ ဖေဖေတွေကလည်း အချိန်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တစ်နေ့ကို အနည်းဆုံး ၁ နာရီလောက်တော့ ပေးသင့်တယ်လို့ထင်တယ်။ ဒါမှသာ မိသားစု Bond ကလည်း ပိုပြီးခိုင်မာလာမယ်" ဖေဖေ ဦးစိန်မျိုးမြင့် (သားလေး ဥက္ကားမိုးမြင့်၏ ဖခင်) ကလေးတစ်ယောက်ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့အတွက် မိခင်ရော ဖခင်ကပါ အတူတကွ ပဲ့ကိုင်ထိန်းကျောင်းဖို့က အရေးအကြီးဆုံးပါပဲ။ Shichida မှာဆိုရင်လည်း မေမေများသာမက ဖေဖေများကိုပါ အတန်းအတူလိုက်တက်ဖို့၊ မအားလပ်တဲ့ကြားက ကလေးကိုအချိန်ပေးဖို့၊ လေ့ကျင့်ခန်းတွေအတူ လိုက်လုပ်ပေးဖို့ အမြဲ လှုံ့ဆော်အကြံပေးလေ့ရှိပါတယ်။ Video လေးထဲမှာဆိုရင်တော့ Shichida မှာ အသက် တစ်နှစ်ကျော်အရွယ်ကနေ လက်ရှိအသက် ငါးနှစ်ခွဲအထိတက်ရောက်နေတဲ့ Genius လေးတစ်ဦးဖြစ်တဲ့ သားလေး ဥက္ကာမိုးမြင့်ရဲ့ ဖေဖေကနေပြီး ဖခင်တွေအနေနဲ့ ကလေးကို အချိန်ပေးသင့်ပုံနဲ့ Shichida ကိုယုံကြည်စွာ လက်တွဲဖြစ်ခဲ့ပုံလေးတွေကို ပြန်လည် မျှဝေပေးသွားတာပဲ ဖြစ်ပါတယ်။ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ရှုထောင့်ကနေ အဖိုးမဖြတ်နိုင်တဲ့ အကြံပေးစကားလေးတွေပြောပြပေးသွားတာမို့ Video လေးကိုကြည့်ရှုပေးကြပါဦးနော်။
Shichida Myanmar
Home
About Us
Our Programs
Infant Course Program
Cloud Online Learning Program
Baby Course
Perantal Course
Brain And Body Integration Course
Primary Course Program
Testimonial
Our Awesome Kids
Parent’s Feedback
Our Activity
Parenting Blogs
Join Our Team
Contact Us
English
ဗမာစာ