btn-img
primary-img
shichicloud
btn-img
primary-img
shichicloud

သားသားမီးမီးလေးတို့ အသက် ၆လ မှ ၆နှစ်ခွဲအထိ လက်ခံပြီး တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာ မိနစ် (၅၀) အတွင်း မိဘ (သို့)အုပ်ထိန်းသူ တစ်ဦးနဲ့အတူတကွတက်ရောက်ရပါတယ်။ ဒါ့အပြင် စာသင်ချိန်တစ်ချိန်ပြီးတိုင်းမှာ မိဘများအနေနှင့်မိမိသားသမီးများနှင့်ပတ်သတ်သော တိုးတက်မှုများ၊ လိုအပ်ချက်များ၊ အဆင်မပြေမှုများ၊ ပြဿနာများအား ဆရာမများ တိုက်ရိုက်ဆွေးနွေးနိုင်ရန်အတွက် Suggestion Time (၅-၁၀) မိနစ်ခန့် လည်းရရှိမှာဖြစ်ပါတယ်။ ကလေးရဲ့ အခက်အခဲတွေ၊တိုးတက်မှုတွေကို အတူဖြေရှင်းဖို့အတွက် ထပ်မံလိုအပ်ပါကလည်း သီးသန့်D iscussion Time တွေနဲ့ အခမဲ့အကြံဉာဏ်တွေရယူနိုင်ပါတယ်။ ဒါ့အပြင် ဖေဖေ၊ မေမေတို့ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ Parenting နဲ့ ပတ်သတ်တဲ့ Workshop ပွဲတွေကိုလည်း အခမဲ့တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Primary Course Program ကို Shichida(Yangon) ကျောင်းမှာသာ ဖွင့်လှစ်ထားလျက်ရှိပါသေးတယ်။Shichida Primary Course Program ကိုတော့ အသက် ၆ နှစ်ကနေ ၉ နှစ်အတွင်း ကလေးလေးတွေတက်ရောက်နိုင်ပါတယ်။ Year – 1, Year – 2, Year – 3 ဆိုပြီး စုစုပေါင်း (၃)နှစ်တက်ရောက်လို့ရမှာဖြစ်ပြီး မည်သည့် အသက်အရွယ်ပဲဖြစ်ဖြစ် Year 1 ကနေစတင်တက်ရောက်ဖို့ လိုအပ်ပါတယ်။ PrimaryCourse တက်ရောက်မယ့်ကလေးဟာ Shichida ရဲ့ Early Childhood Program ကိုတက်ရောက်ပြီးခဲ့ဖို့ မလိုအပ်ပေမယ့်ကလေးတစ်ယောက်အနေနဲ့ အသက်အရွယ်အလိုက် အခြေခံတက်မြောက်သင့်တဲ့အရာတွေကို တက်ကျွမ်းပြီးဖြစ်နေဖို့လိုအပ်ပါတယ်။ အတန်းထဲမှာတော့ ဖေဖေ၊ မေမေက အတူတကွ လိုက်တက်ပေးဖို့ မလိုအပ်တော့ပါဘူး။သင်ကြားချိန်ကတော့ တစ်ပတ်ကို တစ်ရက်၊ တစ်ရက်ကို မိနစ် (၉၀) သင်ကြားပေးသွားမှာဖြစ်ပါတယ်။ကလေးရဲ့ အခက်အခဲတွေ၊ တိုးတက်မှုတွေကို အတူဖြေရှင်းဖို့အတွက် ထပ်မံလိုအပ်ပါကလည်း သီးသန့် Discussion Time တွေနဲ့အခမဲ့ အကြံဉာဏ်တွေရယူနိုင်ပါတယ်။ ဒါ့အပြင် ဖေဖေ၊ မေမေတို့ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ Parenting နဲ့ ပတ်သတ်တဲ့Workshop ပွဲတွေကိုလည်း အခမဲ့တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Shichida Cloud ဆိုတာကတော့ Infant Course Programs များကို Shichida ကျောင်းများမှာ လူကိုယ်တိုင် ကျောင်းချိန်အတိုင်းတက်ရောက်ဖို့ရာ မလွယ်ကူသူတွေ၊ Shichida ကျောင်းခွဲများ မဖွင့်လှစ်နိုင်သေးတဲ့ နေရာများကသူများအတွက် အတွက်အိမ်မှာနေရင်း Online မှတဆင့် လေ့လာနိုင်မယ့် Online Learning Program တစ်ခုပါ။ အသက် (၁) နှစ်မှ (၆) နှစ်ခွဲ အတွင်းဘေဘီလေးများ တက်ရောက်လို့ရမှာဖြစ်ပါတယ်။ ပုံမှန် Shichida Class မှာတက်ရောက်သလိုပဲ အုပ်ထိန်းသူတစ်ဦးနဲ့ အတူသင့်တင့်တဲ့ ကြာချိန်သာရှိမယ့် Video တွေကိုကြည့်ရှုပြီး Instruction အတိုင်း Activity/ Worksheet တွေ လိုက်လုပ်ရမှာ ဖြစ်ပါတယ်။မိဘများအတွက်ပါ ထည့်သွင်းစဉ်းစားပြီး အသေးစိတ် စီစဉ်ရေးဆွဲထားတာမို့ အချိန်ကြာရှည်စွာ Mobile Device များကြည့်ရှုရင်းScreen Time များသွားမှာ စိုးရိမ်နေဖို့လည်း မလိုတော့ပါဘူး။လက်ရှိအချိန်မှာတော့ မြန်မာတစ်နိုင်ငံလုံး Internet Line ရရှိတဲ့မည်သည့်နေရာကမဆို Service ရယူနိုင်ပြီး ကမ္ဘာ့ အကောင်းဆုံးWhole Brain Education စနစ်ကို အိမ်မှာနေရင်း လုံခြုံစိတ်ချ ဘေးကင်းစွာဖြင့် အပြည့်အဝ လေ့လာ နိုင်ပြီပဲ ဖြစ်ပါတယ်။Shichida Cloud program အကြောင်းကိုတော့ shichida.cloud Website တွင် အသေးစိတ်ထပ်မံလေ့လာနိုင်ပါတယ်။

COMING SOON

COMING SOON

COMING SOON

Shichida Myanmar