Room (108), Level-1, Time Link Condo,Corner of Dhammazedi Road, Link Road, Bahan Township.
info@shichidamyanmar.com
09 260 290005
Home
About Us
Our Programs
Infant Course Program
Cloud Online Learning Program
Baby Course
Perantal Course
Brain And Body Integration Course
Primary Course Program
Testimonial
Our Awesome Kids
Parent’s Feedback
Our Activity
Parenting Blogs
Join Our Team
Contact Us
English
ဗမာစာ
OUR AWESOME KIDS
testiniig
View More
Awesome Kids Video (Khin Myat Noe Khit - Recitation)
Awesome Kids Video (Thant Yadanar San - 3D Blocks Counting)
Awesome Kids Video (Zwel Thuta - Recitation)
Awesome Kids Video (Myo Minn Myat - Language Art)
Awesome Kids Video (Synnyanant Htike @ Sweety - Recitation)
Awesome Kids Video (Mya Wahso - Critical Thinking)
Awesome Kids Video ( Shwe Yi Hnin Khaing @ Grace - Language Art)
1/3
<
>
testiniig
test
View More
<
>
<
>
Awesome Kids Video (Khin Myat Noe Khit - Recitation)
သမီးလေးခင်မြတ်နိုးခေတ်ဟာဆိုရင် Shichida မန္တလေးကျောင်းခွဲကို အသက် ၁ နှစ် ၆ လ အရွယ်မှာ စတင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အခု ဗီဒီယိုထဲမှာတော့ သမီးလေးက (1 - 50) နဲ့ ( A - Z) ကို အင်္ဂလိပ်လိုရွတ်ပြသွားသလို (က ကနေ အ) အထိကိုလည်း သွက်လက်မှန်ကန်စွာရွတ်ပြသွားနိုင်ခဲ့တာတွေ့ကြရမှာပါ။ (1 - 50) ၊ ( A - Z) ၊ (က ကနေ အ) အထိကို ခက်ခက်ခဲခဲကျက်မှတ်ထားတာမျိုးမဟုတ်ဘဲ အလွယ်တကူမှတ်ယူရွတ်ဆိုနိုင်ပြီဆိုတာ ရှီချီဒါပညာရေးနည်းလမ်းတွေနဲ့ သမီးလေးရဲ့ Recitation Ability ကို ကောင်းစွာလှုပ်ဆော်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သမီးလေးကို အိမ်မှာလည်း ရှီချီဒါပညာရေးနည်းလမ်းတွေအတိုင်းလေ့ကျင့်ပေးတဲ့ ဖေဖေ ၊ မေမေကိုလည်း အထူးပဲကျေးဇူးတင်ရှိပြီး (1 - 50) ၊ ( A - Z) ၊ (က ကနေ အ) တွေကို သွက်သွက်လက်လက်နဲ့မှန်ကန်စွာ ရွတ်ဆိုပြသွားနိုင်တဲ့ သမီးလေးကို ဂုဏ်ပြုတဲ့အနေနဲ့ ဗီဒီယိုလေးကို မျှဝေလိုက်ပါတယ်။
<
>
Awesome Kids Video (Thant Yadanar San - 3D Blocks Counting)
သမီးလေး သန့်ရတနာစံ @ Bunny ဟာ အသက် ၁ နှစ် ၂ လမှာ Shichida ကို တက်ရောက်ခဲ့တာဖြစ်ပြီး ကိုဗစ်ကာလအတွင်းမှာတောင် ရှီချီဒါပညာရေးနဲ့အဆက်မပြတ်ရအောင် Shichida Cloud နဲ့ Join ပြီး သင်ယူခဲ့ပါသေးတယ်။ Shichida ကျောင်းကို စထားပြီး စတင်သတိထားမိတာကတော့ သမီးလေးရဲ့ Memory Skill နဲ့ Listening Skill ပဲဖြစ်ပါတယ်။ Video လေးထဲမှာ 3D Blocks Counting ကို ၂ မိနစ်အတွင်း ပြောပြသွားနိုင်တဲ့ သမီးလေးရဲ့ မြန်ဆန်သွက်လက်တဲ့ Memory Skill ကိုတွေးမြင်ရမှာပါ။ 3D Blocks တွေကိုမြင်တဲ့အခါ Memory Skill နဲ့ Block တွေကို မြန်မြန်ဆန်ဆန်ရေတွက်နိုင်တာဟာ ရှီချီဒါပညာရေးနည်းလမ်းတွေနဲ့ Reading, Language, Arts, Maths (Numbers, puzzles, blocks) စတာတွေကို ကောင်းမွန်စွာချိတ်ဆက်နိုင်အောင် တီချယ် နဲ့ ဖေဖေ မေမေတို့ အတူတကွပူးပေါင်းပြီး အဘက်ဘက်က သင်ကြားပေးခဲ့ပါတယ်။ ရှီချီဒါပညာရေးကို ယုံကြည်စွာနဲ့ သမီးလေးရဲ့ Golden Period အရွယ်လေးမှာ လက်တွဲအားထုတ်ပေးခဲ့ကြတဲ့ သမီးလေးရဲ့ ဖေဖေ၊ မေမေတို့ကိုလည်း အထူးပဲကျေးဇူးတင်ရှိပြီး သွက်လက်တဲ့ သမီးလေးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီ ဗီဒီယို လေးကို မျှဝေပေးလိုက်ရပါတယ်။
<
>
Awesome Kids Video (Zwel Thuta - Recitation)
သားသားလေး Zwel Thuta ဟာ အသက် ၂ နှစ်နဲ့ ၃ လမှာကတည်းက Shichida မှာ တက်ရောက်ခဲ့တာဖြစ်ပြီး ဒီ Video လေးရိုက်ကူးချိန်မှာတော့ အသက် ၃ နှစ် ၉ လအရွယ်ကို ရောက်ရှိနေပြီ ပဲ ဖြစ်ပါတယ်။ ဒီ Video လေးထဲမှာတော့ သားလေးဟာ The Town Mouse and The Country Mouse ဆိုတဲ့ အင်္ဂလိပ်ဘာသာစကား ပုံပြင်စာအုပ်လေးထဲမှာပါတဲ့ စာကြောင်းတစ်ကြောင်းချင်းစီကို အသံထွက်မှန်ကန်စွာနဲ့ ရွတ်ဆိုပြောပြသွားတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အသက် ၄ နှစ် တောင်မပြည့်သေးတဲ့ ကလေးတစ်ယောက်ဟာ လူကြီးမိဘတွေရဲ့ အကူအညီမလိုပဲ ပုံပြင်စာအုပ်တွေကို ကိုယ်တိုင်ဖတ်နိုင်တယ်ဆိုတာဟာ သူ့ရဲ့ ညာဘက်ဦးနှောက်ကို အဓိကအသုံးပြုပြီးလေ့ကျင့်ထားတဲ့ Recitation စွမ်းရည်ကြောင့်ပဲဖြစ်ပါတယ်။ Shichida ကသားသားမီးမီးတွေဟာဆိုရင် သူ့ရဲ့ အသက်အရွယ် ဦးနှောက်ဖွံ့ဖြိုးမှုအလိုက် English/ Myanmar ကဗျာလေးတွေရွတ်ဆိုခြင်း၊ ပုံပြင်စာအုပ်လေးတွေရွတ်ဖတ်ခြင်း စသည်တို့ကတဆင့် Recitation စွမ်းရည်ကို လေ့ကျင့်ကြတာကြောင့် တခြားရွယ်တူကလေးတွေထက်ပိုပြီး စာဖတ်စွမ်းရည်၊ နားထောင်နိုင်စွမ်းရည်၊ မှတ်ဉာဏ်စွမ်းရည်တွေ သာလွန်ကြတဲ့ Result တွေကို တွေ့မြင်ကြရတာပါ။ သားသားလေးကို အိမ်မှာလည်း Shichida Method အတိုင်း လေ့ကျင့်ပေးတဲ့ မိဘတွေကိုလည်း အထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားရင် သားသားလေးရဲ့ ပုံပြင်ရွတ်ဖတ်ပြနေတဲ့ Video လေးကို ဂုဏ်ယူစွာနဲ့ မျှဝေလိုက်ပါရစေရှင်။
<
>
Awesome Kids Video (Myo Minn Myat - Language Art)
သားလေးမျိုးမင်းမြတ်ဟာ အသက် (၆) လအရွယ်ကတည်းက Shichida မှာကျောင်းတက်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အသက် (၃) နှစ်အရွယ်ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ (၃) နှစ်အရွယ်သားသားလေးဟာ English Vocabulary လေးတွေရေးထားတဲ့ Flashcard အရည်အတွက် (၅၀) ကို ကြည့်ပြီးမြန်ဆန်စွာနဲ့ပဲ စကားလုံးလေးတွေကို မှန်မှန်ကန်ကန်ရွတ်ပြသွားနိုင်တာကို တွေ့ရမှာပါ။ သာမန်ကလေးတစ်ယောက်ဟာ အသက် (၅) နှစ်လောက်မှာ ကျောင်းစတက်ပြီး Alphabet လေးတွေကို စတင်သင်ကြားကြပေမယ့် သားလေးကတော့ အသက် ၃ နှစ်အရွယ်လေးမှာကတည်းက Vocabulary လေးတွေရေးထားတဲ့ Flashcard တွေကိုကြည့်ပြီး မှန်မှန်ကန်ကန်နဲ့ ရွတ်ဆိုပြနေနိုင်တာဟာ သူ့ရဲ့ ငယ်စဉ်ကတည်းက Shichida Method နဲ့ လေ့ကျင့်သင်ကြားပေးထားခဲ့တဲ့ Language Art Ability ကြောင့်ပဲဖြစ်ပါတယ်။ ခုလိုမျိုးငယ်စဉ်ကတည်းက Shichida ကိုယုံယုံကြည်ကြည်နဲ့ လက်တွဲပေးခဲ့တဲ့ သားလေးရဲ့ မိဘ ၂ ပါးကိုလည်း အထူးကျေးဇူးတင်ရှိပြီး ထက်မြတ်တဲ့ သားလေးကို ဂုဏ်ပြုတဲ့အနေနဲ့ Video လေးကို မျှဝေပေးလိုက်ပါတယ်နော်။
<
>
Awesome Kids Video (Synnyanant Htike @ Sweety - Recitation)
အသက် ၄ နှစ်ခွဲအရွယ် သမီးလေး Sweety ကတော့ အသက် ၁ နှစ်ကျော်အရွယ်လေးကတည်းက Shichida မှာစတင်တက်ရောက်ခဲ့တာပါ။ Video လေးထဲမှာတော့သမီးလေးဟာ မြန်မာကဗျာလေးတွေ အပုဒ် ၁၂ ပုဒ်ကို မှန်ကန်စွာနဲ့ ရွတ်ဖတ်ဆိုပြသွားတာပဲဖြစ်ပါတယ်။ ကဗျာလေးတွေရွတ်ဆိုရခြင်းဟာ Shichida ရဲ့ စုံလင်လှတဲ့ Recitation Lesson Program တွေထဲက တစ်ခုဖြစ်ပါတယ်။ သာမန်ကလေးတွေအနေနဲ့ မူလတန်းတက်တဲ့ အချိန်မှာမှ ဒီလိုစာလုံးလေးတွေကို ရွတ်ဖတ်နိုင်ပေမယ့် သမီးလေးကတော့ အသက် ၄ နှစ်လောက်ကတည်းက မှန်ကန်စွာနဲ့ ရွတ်ဆိုနိုင်နေပါပြီ။ စာလုံးလေးတွေကိုဖတ်ပြပြီး အသံထွတ်မှန်မှန်နဲ့ ကြိမ်ဖန်များစွာ ရွတ်ဆိုပြပြီး Output များများ ထည့်ပေးတဲ့အခါ ဘေဘီလေးတို့ရဲ့ ညာဘက်ဦးနှောက်ကနေ မှတ်သားပြီး Recitation Ability အနေနဲ့ ပြန်လည် ရွတ်ဆိုပြနိုင်တာပဲ ဖြစ်ပါတယ်။ Shichida ကိုယုံယုံကြည်ကြည်နဲ့ သမီးလေးငယ်စဉ်ကတည်းက လက်တွဲခဲ့တဲ့ မိဘ ၂ ပါးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိကြောင်းပြောကြားရင်း ထက်မြတ်တဲ့ သမီးလေးရဲ့ ချစ်စဖွယ်ရွတ်ဆိုနေပုံလေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။
<
>
Awesome Kids Video (Mya Wahso - Critical Thinking)
သမီးလေး မြဝါဆို ဟာ Shichida ကျောင်းမှာ အသက် ၉ လအရွယ်ကတည်းက တက်ရောက်ခဲ့တာဖြစ်ပြီး Video လေးရိုက်ကူးချိန်မှာတော့ ၃ နှစ်နဲ့ ၃ လအရွယ် ရှိပါပြီ။ လက်တွေ့ဘဝကို အောင်မြင်စွာဖြတ်ကျော်နိုင်ဖို့အတွက် Critical Thinking ability ဟာ လူသားတိုင်း အရှိမဖြစ်ရှိထားသင့်တဲ့ စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ Shichida Method ရဲ့ သင်ကြားနည်းစနစ်တွေအရ ကလေးတွေဟာ တချိန်မှာ ဘဝကို အောင်မြင်စွာဖြတ်ကျော်နိုင်ဖို့ Early Childhood အရွယ်မှာကတည်းက ဒီလိုမျိုးအခြေခံက စပြီးလေ့ကျင့်ပေးဖို့ အထူးလိုအပ်ပါတယ်။ သမီးလေးဟာ Board လေးမှာပြထားတဲ့ ဂဏန်းလေးတွေအတိုင်း သတ်မှတ်ထားတဲ့ အချိန်အတွင်း အရုပ်လေးတွေကို အလှည့်ကျစီ မှန်မှန်ကန်ကန်နေရာချပေးသွားနိုင်တာဟာ သူ့ရဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည် (Critical Thinking Ability) ကြောင့်ပဲဖြစ်ပါတယ်။ တစ်ခါတစ်လေ မလိုအပ်ဘူးလို့ထင်လို့ မလေ့ကျင့်ပေးဖြစ်တဲ့ အရာတွေကပဲ ရေရှည်မှာ ကလေးတွေရဲ့အနာဂတ်ကိုပြောင်းလဲပေးသွားနိုင်တာပါ။ Milestone လေးတွေ၊ စွမ်းဆောင်ရေးလေးတွေ တစ်ခုချင်းစီကပဲ တဆင့်ချင်း ကလေးတွေကို အနာဂတ်အောင်မြင်မှုဆီ ရောက်အောင် ပုံဖော်ပေးနေတာပဲ ဖြစ်ပါတယ်။ သမီးလေးငယ်စဉ်ကတည်းက Shichida ကိုယုံယုံကြည်ကြည်နဲ့လက်တွဲပြီး အကောင်းဆုံး ပျိုးထောင်ပေးခဲ့ကြတဲ့ မိဘ ၂ ပါးကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားရင် သမီးလေးအတွက် ဂုဏ်ယူစွာနဲ့ Video လေးကို မျှဝေပေးလိုက်ရပါတယ်ရှင်။
<
>
Awesome Kids Video ( Shwe Yi Hnin Khaing @ Grace - Language Art)
သမီးလေး ရွှေရည်နှင်းခိုင် @ Grace ကတော့ အသက် ၂ နှစ်မပြည့်ခင် အရွယ်ကတည်းက Shichida မှာ တက်ရောက်ခဲ့တာ ဖြစ်ပြီး ဒီ Video လေးရိုက်ကူးချိန်မှာတော့ အသက် ၄ နှစ်နဲ့ ၁ လအရွယ်ပဲရှိပါသေးတယ်။ မူလတန်းအရွယ်တောင် မရောက်သေးတဲ့သမီးလေးဟာ သူ့အသက်အရွယ်မှာ ပုံမှန်ကလေးတွေလုပ်နိုင်တာိထက်ကို ကျော်လွန်ပြီး English Vocabulary လေးတွေဖြစ်တဲ့ Shoes၊ Cheese၊ Help၊ Belt၊ Stamp၊ Paint၊ Whale၊ Sting စတဲ့စတဲ့ ဝေါဟာရလေးတွေများစွာကို သက်ဆိုင်ရာရုပ်ပုံလေးတွေနဲ့ သတ်မှတ်ချိန်အတွင်းမှန်ကန်စွာ ယှဉ်တွဲပြသွားနိုင်တာကိုတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Gr - Grape/ Green, Tr - Truck/ Treasure, Gl - Glass , Fl - Flag, Bl - Black စသည်ဖြင့် ဝေါဟာရတွေရဲ့ ရှေ့စာလုံးလေးတွေကိုမြင်တာနဲ့ သက်ဆိုင်ရာ ရုပ်ပုံလေးတွေကို မှန်ကန်စွာ ယှဉ်တွဲပြသွားနိုင်ပါသေးတယ်။ ဒီလို ထက်မြတ်တဲ့ သမီးလေးကို အတူတကွ ပျိုုးထောင်ပေးခွင့်ရအောင် ငယ်စဉ်ကတည်းက Shichida ကိုယုံကြည်စွာ အပ်နှံပြီး လက်တွဲခဲ့တဲ့အတွက်လည်း သမီးလေးရဲ့ အုပ်ထိန်းသူများကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ Shichida ပရိသတ်ကြီးအနေနဲ့လည်း မိမိတို့ရဲ့ ရင်သွေးရတနာလေးတွေကို အနာဂတ်မှာ ထက်မြက်တဲ့ လူသားလေးတွေအဖြစ် ဂုဏ်ယူလိုတယ်ဆိုရင်တော့ မှန်ကန်တဲ့ ကလေးပြုစုပျိုးထောင်မှုနည်းစနစ်တွေကို မီးမောင်းထိုးပြနိုင်ဖို့ Shichida မှ အမြဲအဆင်သင့်ရှိနေပါတယ်ရှင်။
Shichida Myanmar
Home
About Us
Our Programs
Infant Course Program
Cloud Online Learning Program
Baby Course
Perantal Course
Brain And Body Integration Course
Primary Course Program
Testimonial
Our Awesome Kids
Parent’s Feedback
Our Activity
Parenting Blogs
Join Our Team
Contact Us
English
ဗမာစာ