
သင့်ရင်သွေး လေ့လာမှုကိုမြတ်နိုးလာအောင် ငယ်စဉ်ကတည်းက ဘယ်လိုဆောင်ရွက် ပေးကြမလဲ ?
ကလေးတွေဟာ စာဖတ်တတ်ပြီဆိုတာနဲ့ သူ့တို့လေးတွေရဲ့လောကကြီးက တဖြည်းဖြည်း ကြီးထွားလာကြပါတယ်။ လေ့လာတတ်တဲ့အကျင့်ဟာ သင့်ရင်သွေးရဲ့ ဦးနှောက်ကို ဖွံ့ဖြိုး စေပါတယ်။ တွေးခေါ်နိုင်စွမ်းကိုတိုးတက်စေပါတယ်။ သင့်ရင်သွေး လေ့လာမှုကို မြတ်နိုးတတ် လာအောင်ဘယ်လိုများလုပ်ဆောင်ပေးကြမလဲ။ တကယ်တော့လူသားတွေဟာ လေ့လာရတာကို မွေးဖွားလာကတည်းကလုပ်ဆောင်ရတာပါ။ အမြဲတမ်းဆက်လက်လေ့လာလိုစိတ်ဖြစ်အောင် ကတော့ သူတို့ကြီးပြင်းရတဲ့ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ပါတယ်။ လေ့လာမှုကိုအားပေးတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းရတဲ့သူတွေဟာ လေ့လာမှုကိုပိုမိုနှစ်သက်ကြပါတယ်။
အလွယ်ဆုံးကမိဘဖြစ်သူတွေက ငယ်စဉ်ကတည်းက ကလေးငယ်ရဲ့ ပတ်ဝန်းကျင်မှာ မြင်တွေ့နိုင်တဲ့အရာတွေကို စကားလုံးတွေနဲ့ စိတ်ဝင်တစားရှိလာအောင် ကူညီပြောပြသင်ပြပေးတာဖြစ်ပါတယ်။
ဥပမာ- ကလေးကို သူစားနေကျအစားအစာရဲ့ နာမည်တွေကိုပြောပြပေးပါ။ စာလုံးပေါင်းတွေ ရွတ်ပြပေးပါ။ လိုက်ဆိုခိုင်းပါ။ နေ့စဉ်ဘဝမှာ တွေ့ကြုံရတဲ့ စကားလုံးတွေကို မှတ်မိအောင် ကူညီပေးပါ။ ဒါဟာကလေးငယ်အတွက် စကားလုံးဝေါဟာရတွေနဲ့ ရင်နှီးစေဖို့ အခွင့်အရေးကောင်းပါပဲ။ ကလေးငယ်အတွက် စိတ်ဝင်စားစရာကောင်အောင် ပျော်ရွှင်ဖွယ်ကောင်းအောင်ပြုလုပ်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒါဟာသူတို့ကို ပိုမှတ်မိစေလို့ပါ။ ကလေးက ၂ နှစ် ၃ နှစ်သားပဲ ရှိသေးရင်တောင် ကလေးက သူ့ဘာသာသူ ကြိုးစားမှတ်သားပါတယ်။ (စကားချပ်။ ။ ပြန်မပြောပြတိုင်းမမှတ်မိ တာမဟုတ်ပါဘူးဆိုတာကို မှတ်သားထားစေလိုပါတယ်။ ကလေးဆိုတာက သူတို့သိတဲ့အရာတွေကို သူတို့စိတ်ကူးနဲ့ သင့်တော်တဲ့အချိန်၊ သူတို့ချိတ်ဆက်မိတဲ့ အချိန်တွေမှာ ပြောကြပါလိမ့်မယ်။ မိဘကပြောခိုင်းတဲ့အချိန်တိုင်း ပြောချင်မှပြောပါလိမ့်မယ်။ ဒါကိုနားလည်ပေးရပါမယ်။ ပြောခိုင်းတိုင်းပြောမှတော်တယ်ဆိုတာမျိုး ကို မလုပ်မိဘို့အရေးကြီးပါတယ်။ သူတို့စိတ်နဲ့သူတို့ စဉ်းစားတွေးခေါ်ပြောဆိုတတ်ဖို့က ရည်ရှည်မှာ ပိုအရေးကြီးလို့ပါ။)
၁။ သူ့တို့စိတ်ဝင်စားမှုအလိုက် ဇာတ်လမ်းလေးတွေဆင်ပြီးသင့်တော်သလိုပြောပြပေးလို့ရပါတယ်။
၂။ ငယ်စဉ်ကတည်းက မိဘကစိတ်ဝင်စားဖွယ်ပုံပြင်စာအုပ်တွေနေ့စဉ်ဖတ်ပြပေးဖို့လိုပါတယ်။ သူတို့ပိုမိုစိတ်ဝင်စာတဲ့အရာတွေ စာအုပ်တွေကို ခဏခဏပြောပြဖတ်ပြပြီး၊ ဒါတွေကို အခြေခံပြီး ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်ဖြစ်အောင်ပြုလုပ်လို့ရပါတယ်။ သူတို့ပိုမိုစိတ်ဝင်စားတဲ့အရာတွေကို ပိုထဲထဲဝင်ဝင်လေ့လာပြီး ပြောပြပေးပါ။
၃။ သီချင်းတွေ၊ တီးလုံးတွေကို သုံးပြီးလည်း ပိုမိုစိတ်ဝင်စားအောင် မှတ်မိအောင်ပြုလုပ်ပေးလို့ရပါတယ်။
၄။ လက်လေးတွေ၊ ခြေထောက်လေးတွေနဲ့ ခံစားမှုအထိအတွေ့ကို ငယ်စဉ်ကတည်းက များများထိတွေ့ခွင့်ပေးပါ။ တစ်ပါတည်း စကားလုံးကိုပြောပြပေးပါ။ ပစ္စည်း၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပတ်ဝန်းကျင် မှာတွေ့နိုင်တဲ့ ကလေးအတွက် အနရာယ်မဖြစ်စေတဲ့အရာတွေအားလုံးကို ထိတွေ့ မိတ်ဆက်ပေးလို့ရပါတယ်။
၅။အိမ်ကပစ္စည်းတွေကို နာမည်လေးတွေကပ်ထားတာမျိုးကို ပြုလုပ်ပေး လို့လည်းရပါတယ်။
၆။ ပစ္စည်းလေးတွေရှာတမ်းဆော့တာတို့၊ ပစ္စည်းနာမည်ဖွက်တမ်းဆော့တာတို့ ဟာလည်းကလေးကို အလွန်ပျော်ရွှင်စေတဲ့ကစားနည်လေးတွေပါ။
၇။ အပြင်ကမ္ဘာမှာရှိတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့်ပေးပြီး သဘာဝ ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေ အကြောင်းပြောပြပေး တာဟာလည်း မဖြစ်မနေပြုလုပ်ပေးရမဲ့နည်းလမ်းတစ်ခုပါ။
၈။ တေးကဗျာလေးတွေလည်းသင်ပေးလို့ရပါတယ်။ ကိုယ့်အိမ်၊ပတ်ဝန်းကျင်မှာနီးစပ်တဲ့ ဘယ်ဘာသာစကားနဲ့မဆို ကဗျားလေးတွေ၊သီချင်းလေးတွေ ရွတ်ဆိုလို့ရသလို၊ အင်္ဂလိပ်ဘာသာနဲ့ တေးကဗျာတွေလည်း ရွတ်ဆိုလို့ရပါတယ်။
၉။ မနက်တိုင်း ဒီနေ့ကဘာနေ့တို့ ဘယ်လတို့ ဘယ်ရက်တို့ဆိုတာကို ပုံမှန် ပြောပြပေးရပါမယ်။ နေ့ထူးတွေဆိုရင်တော့ ဘာနေ့ဆိုတာတွေ ဘယ်လိုဖြစ်လာတယ်ဆိုတာတွေ ကို စိတ်ဝင်စားဖွယ်ဖြစ်အောင်ပြောပြပေးပါ။ ပြီးတော့ နေ့တိုင်းမှာဖြစ်နေတဲ့ရာသီဥတုကို ပြောပြပေးပါ။
၁၀။ ဓါတ်ပုံတွေ၊ ပုံလှလှလေးတွေ၊ ကလေးတွေစိတ်ဝင်စားနိုင်မဲ့ပုံတွေကို ပြသပြီး လည်း သူတို့ကိုလေ့လာစေဖို့လိုပါတယ်။
၁၁။ ဥပမာလေးတွေများများပြောပြတာလဲ အလွန်ထိရောက်တဲ့နည်းတစ်ခုပါပဲ။
၁၂။ မိဘကလေ့လာလို့ရတဲ့ပတ်ဝန်းကျင်ဖန်တီးပေးရမှာ ကတော့ အဓိကကြပါတယ်။ ဒီလိုနဲ့ သင့်ရင်သွေးဟာ စကားလုံးတွေကြွယ်ဝပြီး စာဖတ်တတ်လာတဲ့အခါမှာ သူတို့တကယ်ဖတ်လိုလေ့လာလိုတာကို ပိုမိုလွယ်ကူစွာသိရှိပြီး တစ်ဘဝလုံး လေ့လာမှုကို အဆက် မပြတ်ပြုလုပ်တတ်လာပါလိမ့်မယ်။ ဒါဟာ သူတို့လေးတွေဘဝအတွက် ရည်ရှည်မှာအကျိုးများစေ ပါလိမ့်မယ်။
A WordPress Commenter says:
Hi, this is a comment.
To get started with moderating, editing, and deleting comments, please visit the Comments screen in the dashboard.
Commenter avatars come from Gravatar.