Shichida Myanmar 5th Anniversary Donation at Yankin Children Hospital
"If the money we donate helps one child or can ease the pain of one parent, those funds are well spent"
Carl Karcher
အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီး Carl Karcher ပြောခဲ့တဲ့ စကားလေးလိုပါပဲ။ တကယ်လို့ကျွန်ုပ်တို့လှူဒါန်းလိုက်တဲ့ အရာတစ်ခုဟာ ကလေးငယ်တစ်ယောက်၊ ဒါမှမဟုတ် မိဘတစ်ယောက်ရဲ့ အခက်အခဲကို ဖြေရှင်းပေးလိုက်နိုင်တယ်ဆိုရင် ဒီပိုက်ဆံတွေဟာ ကုန်ရကျိုးနပ်ပါတယ်" တဲ့။
Shichida ကပြုလုပ်လိုက်တဲ့ ကောင်းမှုကုသိုလ်တိုင်းဟာ Shichida နဲ့သက်ဆိုင်တဲ့သူ တစ်ယောက်ချင်းစီတိုင်းကို ကိုယ်စားပြုပါတယ်။ ဒီလိုမျိုး မေတ္တာတရားတွေ လက်ဆင့်ကမ်းမျှဝေခွင့်ရတဲ့အချိန်တိုင်းမှာ Shichida မှာတက်ရောက်နေတဲ့ သားသားမီးမီး များနဲ့ မိဘများကို အထူးပဲ ကျေးဇူးတင်အမှတ်ရနေမှာပါ။
We cannot do great things on this Earth, only small things with great love.
(Mother Teresa)
ကလေးတိုင်းဟာ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်ကြပါတယ်။
ကလေးဘဝဆိုတာ အပြစ်ကင်းပြီး အရေးပါလှတဲ့ ကာလလေးတစ်ခုပါ။ ဒီကာလလေးမှာ ကောင်းမွန်တဲ့အမှတ်တရလေးတွေ ပိုင်ဆိုင်ခွင့်ရှိပါတယ်။
SHICHIDA Myanmar ရဲ့ ကမ်းလက်တိုင်းဟာ SHICHIDA သားသားမီးမီးများနဲ့ မိဘတွေရဲ့ မေတ္တာတွေကို ကိုယ်စားပြုပါတယ်။
ခဏတာအခိုက်အတန့်လေးဆိုပေမယ့် ကလေးတွေအတွက် ဖေးမမှု၊ ဂရုစိုက်မှု၊ လူသားဆန်မှုတွေကို နွေးထွေးတဲ့လက်တွေနဲ့ ထွေးပွေ့မျှဝေနိုင်ခဲ့တာဟာ မေ့မရမယ့် ပီတိရဲ့ အရသာပါ။
ဒီလို မေတ္တာတရားနဲ့အကြင်နာတွေ ဝေမျှခွင့်ရစေတဲ့ SHICHIDA သားသားမီးမီးလေးများနဲ့ မိဘများကို အမြဲအမှတ်ရ ကျေးဇူးတင်နေမှာပါ။