Blog

သင့်ရင်သွေး လေ့လာမှုကိုမြတ်နိုးလာအောင် ငယ်စဉ်ကတည်းက ဘယ်လိုဆောင်ရွက် ပေးကြမလဲ ?

သင့်ရင်သွေး လေ့လာမှုကိုမြတ်နိုးလာအောင် ငယ်စဉ်ကတည်းက ဘယ်လိုဆောင်ရွက် ပေးကြမလဲ ?

ကလေးတွေဟာ စာဖတ်တတ်ပြီဆိုတာနဲ့ သူ့တို့လေးတွေရဲ့လောကကြီးက တဖြည်းဖြည်း ကြီးထွားလာကြပါတယ်။ လေ့လာတတ်တဲ့အကျင့်ဟာ သင့်ရင်သွေးရဲ့ ဦးနှောက်ကို ဖွံ့ဖြိုး စေပါတယ်။ တွေးခေါ်နိုင်စွမ်းကိုတိုးတက်စေပါတယ်။ သင့်ရင်သွေး လေ့လာမှုကို မြတ်နိုးတတ် လာအောင်ဘယ်လိုများလုပ်ဆောင်ပေးကြမလဲ။ တကယ်တော့လူသားတွေဟာ လေ့လာရတာကို မွေးဖွားလာကတည်းကလုပ်ဆောင်ရတာပါ။ အမြဲတမ်းဆက်လက်လေ့လာလိုစိတ်ဖြစ်အောင် ကတော့ သူတို့ကြီးပြင်းရတဲ့ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ပါတယ်။ လေ့လာမှုကိုအားပေးတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းရတဲ့သူတွေဟာ လေ့လာမှုကိုပိုမိုနှစ်သက်ကြပါတယ်။အလွယ်ဆုံးကမိဘဖြစ်သူတွေက ငယ်စဉ်ကတည်းက ကလေးငယ်ရဲ့ ပတ်ဝန်းကျင်မှာ မြင်တွေ့နိုင်တဲ့အရာတွေကို စကားလုံးတွေနဲ့ စိတ်ဝင်တစားရှိလာအောင် ကူညီပြောပြသင်ပြပေးတာဖြစ်ပါတယ်။ဥပမာ- ကလေးကို သူစားနေကျအစားအစာရဲ့ နာမည်တွေကိုပြောပြပေးပါ။ စာလုံးပေါင်းတွေ ရွတ်ပြပေးပါ။ လိုက်ဆိုခိုင်းပါ။ နေ့စဉ်ဘဝမှာ တွေ့ကြုံရတဲ့ စကားလုံးတွေကို မှတ်မိအောင် ကူညီပေးပါ။ ဒါဟာကလေးငယ်အတွက် စကားလုံးဝေါဟာရတွေနဲ့ ရင်နှီးစေဖို့ အခွင့်အရေးကောင်းပါပဲ။ ကလေးငယ်အတွက် စိတ်ဝင်စားစရာကောင်အောင် ပျော်ရွှင်ဖွယ်ကောင်းအောင်ပြုလုပ်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒါဟာသူတို့ကို ပိုမှတ်မိစေလို့ပါ။ ကလေးက ၂

Shichida Myanmar