တစ်ခါတစ်လေမှာ မိဘက ဘာရယ်မဟုတ်ပြောလိုက်တဲ့ချီးကျူးစကားလေးတစ်ခွန်းဟာ ကလေးရဲ့စိတ်ထဲမှာ စွဲစွဲမြြဲမဲထင်ကျန်နေတတ်ပြီး သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ တိုးပွားသွား စေပါတယ်။ ချီးကျူးခံရတဲ့အခါ ကလေးတွေဟာ ပျော်ရွှင်သွားကြရုံသာမက သူတို့ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေရပါတယ်။ မိမိကိုယ်မိမိ ယုံကြည် လေးစားတဲ့စိတ် ကို မြေတောင်မြှောက်ပေးရာရောက်ပါတယ်။ သူတို့ရဲ့ အားသာချက်ကို သူတို့ကိုယ်တိုင် သိနားလည် လာစေသလို လူတွေက သူတို့လေးတွေကို အသိအမှတ်ပြုထားတဲ့ ပုံရိပ်ကို တည်တံ့နေအောင် ကြိုးစားလုပ်ကိုင်လိုစိတ်ကို မွေးမြူပေးသလိုဖြစ်စေပါတယ်။ အမြဲတမ်းပိုမိုကောင်းမွန်တဲ့ အနေအထားမျိုးဖြစ်အောင် ပိုမိုကြိုးစားလုပ်ကိုင်တဲ့အတွက် အောင်မြင်မှုဆိုတာကို ရရှိစေပါတယ်။ တကယ်လို့ မိမိသားသမီးကို အသိအမှတ်ပြု ချီးကျူးမှုအားနည်းနေသည်ဟုထင်လျှင် မှတ်မှတ်ရရဖြစ်စေနိုင်သောနေ့ရက်များ (ဥပမာ သားသမီးတို့ရဲ့မွေးနေ့) တွင် သူတို့ရဲ့ အရည်အချင်းကောင်းများ အားသာချက်များကို ထုတ်ဖော်ချီးကျူးပေးပါ။ ချီးကျူးတဲ့နေရာမှာ မဖြစ်မနေသတိထားရမှာက ယေဘူယျဆန်ဆန်ချီးကျူးတာဟာ မှားယွင်းပါတယ်။ တိကျတဲ့ သူတို့လေးတွေ
မိဘတိုင်းလိုလို စိတ်ညစ်ကြတဲ့အထဲမှာ မိမိရင်သွေးရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူဆိုး လေးတွေပြုလုပ်ကြတဲ့အချိန်တွေပါပဲ။ စိတ်အနှောက်အယှက်ဖြစ်စေသလို၊ အရှက်ရဒေါသဖြစ်ရ တဲ့အခြေအနေမျိုးတွေလည်းကြုံရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကို ဘယ်လို အကောင်းဆုံး ကျော်လွှားကြမလဲ။ ပထမဆုံးလုပ်ရမှာကတော့ ဒီလို အခြေအနေမျိုးနဲ့ကြုံလာရင် စိတ်မညစ်ဖို့ပါ။ မိမိကိုယ်ကိုယ်စိတ်အေးအောင်ထားနိုင်တာအကောင်းဆုံးပါပဲ။ မဟုတ်ရင် အကျိုးပိုရှိလာစရာမရှိ လို့ပါပဲ။ သင်ကိုယ်တိုင်က စိတ်တည်တည်ငြိမ်ငြိမ်နဲ့ စောင့်ကြည့်နေနိုင်ဖို့လိုပါတယ်၊ ဒါဆိုရင် မကြာခင်မှာပဲ သင့်ကလေးတွေဟာ ပိုမို စိတ်ရှည်သည်းခံတတ်လာကြပါလိမ့်မယ်။ ဆွီဒင်လူမျိုးဆရာတစ်ဦးဖြစ်သူ ဂျိုဟန် ပက်စတာလော့ဇီကအခုလိုပြောပါတယ်။ “သားသမီးနဲ့ ပတ်သတ်ပြီး မိဘတွေစိတ်အနှောက်အယှက်ဖြစ်ရတာ၊ ရုန်းကန်းရတဲ့အခြေအနေတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝတွေပါပဲ။ ဒီလိုအခြေအနေတွေဖြစ်လာတာကို အမှန်အတိုင်းလက်ခံနိုင် ဖို့လိုပါတယ် ပြီးတော့ အကောင်းဆုံးရလာဒ်တွေရအောင် ဘယ်လိုလုပ်မလဲဆိုတာကို တွေးဖို့လိုပါတယ်။ အကြမ်းနည်းနဲ့ကိုင်တွယ်မယ်ဆိုတဲ့နည်းဟာ အသုံးမဝင်ပါဘူး။ သစ်ပင်တွေ၊ ကျောက်တုံးတွေကို တုတ်နဲ့ရိုက်လို့ ဘာမှမပြောင်းလဲသွားသလိုပါပဲ။ ဘာမှာအကျိုးထူးမှာမဟုတ် ပါဘူး။ သင့်ကလေးတွေဟာလည် သက်မဲ့တွေမဟုတ်ပါဘူး၊ အသက်ရှိတဲ့
မိဘက သားသမီးကို သူတို့သုံးနှုံးလိုက်တဲ့ ညစ်ညမ်းတဲစကားလုံးတွေ၊ ဆဲတဲ့စကားလုံးတွေဟာ သူတို့ရဲ့စိတ်နှလုံးကို ညစ်နွမ်းစေသလို၊ အများရဲ့ စိတ်နှလုံးကိုလည်းညစ်နွမ်း စေတယ်ဆိုတာကို သင်ထားပေးရပါမယ်။ ဒီနည်းနဲ့ ယုတ်ရင်းကြမ်းတမ်းတဲ့စကားတွေကို ဘာကြောင့် မသုံးသင့်တာလဲဆိုတာကို ကလေးက နားလည်လာပါလိမ့်မယ်။ ကလေးတွေဟာများသောအားဖြင့် ပြင်ပပတ်ဝန်းကျင်က လူအများနဲ့ ထိတွေ့ ဆက်ဆံရတဲ့အခါမှာ ဒီညစ်ညမ်းကြမ်းတမ်းတဲ့ စကားလုံးတွေကို ကြားလာတာပါ။ သူများတွေသုံးတာကို တွေ့ပြီး ပြန်သုံးကြတာဖြစ်ပါတယ်။ သူတို့အနေနဲ့ တစ်ခြားသူလဲသုံးတာပဲ သူတို့လဲသုံးလို့ရတယ်လို့ မှတ်ထင်ထားကြလို့ ပြန်သုံးကြတာပါ။ အဲဒီလိုစကားကြမ်းတွေနဲ့ ဆဲဆိုတတ်လာရင် ကလေးကို ရှင်းပြခွင့်မပေးဘဲ ဆူပူကြိမ်းမောင်းဖို့သာ လုပ်မယ်ဆိုရင်တော့ အကျိုးမရှိပါဘူး။ အဲဒီလို ကလေးရဲ့ဆဲဆိုသံ ကြားရင် သူ့တို့ကို အခုလိုမေးပေးပါ။ “မေမေ့သားလေးက လူယဉ်ကျေးလေးပါ။ သားရဲ့ နှလုံးသားလေးက လှနေတာနော်။” “တကယ်လို့ ဒီလို ကြမ်းကြမ်းတမ်းတမ်း ညစ်ညစ်ပတ်ပတ်တွေ ပြောနေရင်
ကလေးမွေးကင်းစမှာကတည်းကမိဘဖြစ်သူတွေက မိမိရင်သွေးကို ဘယ်လိုပုံစံမျိုးနဲ့ ပြုစုပျိုးထောင်မလဲဆိုတာကို ရှင်းလင်းတိကျစွာ နားလည်ပြီး ဒီအတိုင်အကောင်အထည်ဖော် မယ်ဆိုတာကို တိတိကျကျချမှတ်ထားမယ်ဆိုရင် မိမိရင်သွေးလေးတွေဟာထက်မြက် ကောင်းမွန်တဲ့လူကြီး တစ်ယောက်အဖြစ် ကြီးပြင်းလာကြမှာပါ။ မွေးကင်းစအရွယ်မှာ အရေးကြီးတဲ့ လေ့ကျင့်ပေးရန်စည်းကမ်းများ ၁။ မင်္ဂလာပါ လို့အမြဲနှုတ်ခွန်းဆက်ပါ။ (နှုတ်ဆက်တတ်အောင်လေ့ကျင့်ပေးပါ။ မိမိကိုယ်ကို မိတ်ဆက်တတ်အောင်လေ့ကျင့်ပေးထားပါ။) ၂။ အခေါ်ခံရတဲ့အခါတိုင်း ရှင်/ဗျာ (ယဉ်ကျေးသောစကားလုံးများဖြင့်သာ) အမြန်ဆုံးတုံ့ပြန် တတ်အောင်လေ့ကျင့်ပေးပါ။ (ခေါ်ရင်ထူးတတ်အောင်လေ့ကျင့်ပေးပါ။) ၃။ ဖိနပ်ကိုချွတ်တာနဲ့ သေသေသပ်သပ်စီထားတတ်အောင်လေ့ကျင့်ပေးပါ။ ၄။ ထိုင်နေရာမှ ထလိုက်တာနဲ့ ထိုင်ခုံကို စနစ်တကျပြန်သိမ်းတတ်အောင်လေ့ကျင့်ပေးပါ။ ၅။ ပိတ်ထားတဲ့အခန်း (သို့) ဖွင့်ထားသည့်တိုင် အထဲမှာလူရှိနေလျှင် တံခါးခေါက်ပြီးခွင့် တောင်းတတ်ဖို့ လေ့ကျင့်ပေးပါ။ ၆။ ကျေးဇူးတင်စကားကို ဆိုတတ်အောင် လေ့ကျင့်သင်ကြားပေးပါ။ ၇။ လူတိုင်းကို ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ကြင်ကြင်နာနာ ဆက်ဆံပြောဆိုတတ်အောင်လေ့ကျင့်ပေးပါ။
မိဘတွေ ဘာဖြစ်လို့ ဒီအချက်တွေကို သိထားသင့်သလဲဆိုတော့ မိမိရင်သွေးကို ပြုစုပျိုးထောင်တဲ့နေရာမှာ ဒီအချက်တွေကို အခြေခံပြီး ခေါင်းဆောင်ကောင်းတွေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်သလို၊ မိမိတို့ကိုယ်တိုင်လည်း စံပြအနေနဲ့ နမူနာ ကောင်းတွေ လုပ်ပြပေးနိုင်လာမှာဖြစ်လို့ပါပဲ။ စစ်မှန်သည့်ခေါင်းဆောင်ဖြစ်လာရန် အောက်ပါ အချက် (၇) ချက်ကိုလိုက်နာရပါမယ်။ (၁) အရည်အချင်းထက် ကိုယ်ကျင့်တရားကို ပိုပြီးအလေးပေးပါ။ (၂) ကိုယ့်အတွက်မကြည့်ဘဲ သူ့အကျိုးကိုပဲ ပိုပြီးလုပ်ပေးတတ်ပါစေ။ (၃) မိမိစိတ်နေစိတ်ထားတိုးတက်ကောင်းမွန်အောင် မြှင့်တင်ပါ။ (၄) တစ်ခြားသူများနှင့် ဆက်ဆံရေးကောင်းမွန်ပါစေ။ (၅) ပြတ်သားသောပန်းတိုင်နှင့် လိုအင်များရှိထားရပါမယ်။ (၆) ခြုံငုံသုံးသပ်နိုင်ခြင်းနှင့် စည်းရုံးနိုင်စွမ်း အထူးကောင်းမွန်ရပါမယ်။ (၇) သမိုင်းနှင့် ပထဝီဝင်ဆိုင်ရာ အမြင်ကောင်းကောင်းရှိထားရပါမယ်။ တခြားကလေးများနှင့် မိမိကိုယ်ကိုယ် နှိုင်းယှဉ်လေ့ရှိသောကလေးများ သို့မဟုတ် တခြားကလေးများနှင့် ယှဉ်ပြိုင်ရန်သာ စိတ်ဝင်စားသောကလေးများတွင် ခေါင်းဆောင်နိုင်တဲ့ အစွမ်းလျော့နည်းလေးရှိတယ် ဆိုတာကိုတော့
နှုတ်ဆက်တတ်ခြင်းဆိုတဲ့အလေ့အထကောင်းဟာ ပေါင်းသင်းဆက်ဆံရေးစွမ်းရည် ကိုတိုးတက်စေရုံသာမက နှစ်လိုဖွယ်ကောင်းတဲ့သူတစ်ယောက်ဖြစ်လာအောင် ဖန်တီးပေးလာနိုင်ပါတယ်။ ကလေးတွေ မူလတန်းတက်ပြီဆိုရင် ဆရာကို “မင်္ဂလာပါဆရာ” တို့ အပြင်မှာလူတွေနဲ့တွေရင် “Good Morning/Afternoon/Evening” “မင်္ဂလာပါ။ တွေ့ရဝမ်းသာပါတယ်” စသည်ဖြင့် နှုတ်ဆက်စကားတွေကို အပြုံးလေးတွေနဲ့ မျက်လုံးကြည့်ပြီး နှုတ်ဆက်တတ်နေတတ်တယ် ဆိုတာဟာ အိမ်မှာကတည်းကပုံမှန်လေ့ကျင့်ခဲ့တဲ့ အလေ့အကျင့်တွေကြောင့်ဖြစ်နေတာပါ။ နှုတ်ဆက်စကားပြောဆိုတတ်ပြီးရင် “ဘယ်သွားမလို့ပါလဲ” “နေကောင်းပါသလား” “ကျွန်တော့်၊ကျွန်မ နာမည်ဘယ်သူပါ” အစရှိတဲ့ စကားမျိုးတွေကိုလည်း အပြုံးလေးတွေနဲ့ အလွယ်တကူပြောလာနိုင်စေပါတယ်။ နှုတ်ဆက်ခြင်းဆိုတာ ရိုးရှင်းတယ်ဆိုပေမယ့် ကျောင်းသားငယ် တစ်ယောက်က ဆရာကို နှုတ်ဆက်လိုက်တဲ့အခါမှာ ကျောင်းသားနဲ့ဆရာအကြား၊ တစ်ခြားသူတွေကိုနှုတ်ဆက်တဲ့ အခါ ကလေးနဲ့ တစ်ခြားကလေးတွေကြား (သို့) တစ်ခြားသူတွေကြားမှာ မရင်းနှီးသေးဘူးလို့ ခံစားနေရတဲ့ စိတ်ခံစားမှုအတားအဆီးတွေ ဖယ်ရှားပြီးသားဖြစ်သွားစေပါတယ်။ ဆရာဖြစ်သူကို ယုံကြည်မှုရှိလာပြီး ဆရာနဲ့ စကားစမြည်ပြောနိုင်လာပါမယ်။ ဘယ်သူနဲ့မဆို စကားပြောဆိုဆက်ဆံတတ်လာပါတယ်။
ကလေးကို ဆုံးမတဲ့နေရာမှာ မိဘနှစ်ပါးစလုံးက တစ်ခါတည်းဆူမဲ့အစား တစ်ယောက်ချင်းက ဆူတာပိုသင့်တော်ပါတယ်။ မိဘနှစ်ပါးစလုံးက ဆူပူတဲ့အခါမှာ ကလေးဖြစ်သူက နေစရာမရှိဖြစ် ပြီး အဆူခံရတဲ့နေရာမှာတင် တစ်ခါတည်းပျောက်သွားချင်တဲ့စိတ်တွေဖြစ်လာစေပါတယ်။မိဘတစ်ယောက်ယောက်က ကလေးကို ဆူနေရင် ကျန်တစ်ယောက်ဘာမှဝင်မပြောဘဲ ဆူပူပြီးတဲ့အခါမှာတော့ ကလေးကို နှစ်သိမ့်အားပေးလိုက်ပါ။ ကလေးကိုဆူတဲ့အခါမှာလဲ သူလုပ်ခဲ့တဲ့ လက်မခံနိုင်တဲ့အပြစ်နဲ့ပတ်သတ်ပြီးသာ ဦးစားပေးပြောဆိုသင့်ပါတယ်။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ဓါတ်အညွှန့်ချိုးသလိုမျိုးပြောဆိုမဆူပူသင့်ပါဘူး။ဥပမာအားဖြင့် “အသုံးမကျတဲ့ကောင်တို့၊ သုံးစားမရဘူးတို့၊ အလာကားကောင်တို့၊ အရိုင်းအစိုင်းတို့၊ ဉာဏ်မရှိတဲ့ကောင်တို့၊ အရှက်မရှိတဲ့ကောင်တို့” လိုမျိုးစကားလုံးတွေကို မသုံးမိအောင် ဆင်ခြင်သင့်ပါတယ်။ နစ်နာအောင်ပြောပြီး ဆူပူပြောဆိုတယ်၊ ကြောက်အောင်ခြောက်ပြီး ဆူပူပြောဆိုတယ် ဆိုတာတွေဟာ ကလေးရဲ့ စိတ်နဲ့ နှလုံးသားကို ပိုမိုညစ်နွမ်းသွားစေတာသာ အဖတ်တင်ပါတယ်။ လူညွှန့်တုံးသွားအောင်လုပ်စေချင်တာ၊ မကြောက်ကြောက်အောင် ဖိနှိပ်ချင်တာ ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အမှန်တကယ်ကလေးလုပ်ခဲ့တဲ့လုပ်ရပ် ကို ဘာကြောင့်မလုပ်သင့်တာလဲဆိုတာကို အဖြေရှာပေးလိုက်တာမဟုတ်တဲ့အတွက်
မွေးကင်းစအရွယ်ဟာ သင့်ရင်သွေးရဲ့ စိတ်နှလုံးဖြူစင်အောင် ပြုလုပ်ပေးဖို့ အသင့်တော်ဆုံး အချိန်ပါပဲ။လူဟာ အသိုင်းအဝိုင်းနဲ့ နေထိုင်တတ်တဲ့သူတွေဖြစ်ပါတယ်။ ကျွနု်ပ်တို့အားလုံးသည် နေ့စဉ်နေ့တိုင်း ပတ်ဝန်းကျင်ရှိလူများနှင့် အပြန်အလှန် ထောက်ပံ့ကူညီခြင်း သို့မဟုတ် ထောက်ပံ့ကူညီခံရခြင်းတို့ပြုလုပ်နေရသည်။ ကိုင်းကျွန်မှီ ကျွန်းကိုင်းမှှီနေထိုင်ကြပါတယ်။ တစ်ဦးတည်းတစ်ယောက်တည်း နေထိုင်ရန်မှာ မဖြစ်နိုင်ပါ။ တစ်ကိုယ်ကောင်း အရမ်းဆန်တယ်ဆို တာဟာ လူ့ပတ်ဝန်းကျင်ကို အကျိုးဖြစ်ထွန်းမှုကို လစ်လျူရှုရာ ရောက်စေပါတယ်။လူဆိုတာ တစ်ယောက်တည်း နေထိုင်ကြတာမှမဟုတ်တာပါ။ ကလေးတစ်ယောက်ရဲ့ ဘဝ အစကတည်းက သူ့ရဲ့ ဘဝကို ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေ၊ ဖြူစင်တဲ့စိတ်ထားတွေရှိလာအောင် သွန်သင်ထားသင့်ပါတယ်။ဥပမာတစ်ခုအနေနဲ့ – ဘာအတွက် ပညာသင်ကြားရသလဲဆိုတဲ့ မေးခွန်းကို ဖြေကြည့်စေလိုပါတယ်။ အဖြေက အလုပ်ကောင်းကောင်းရဖို့ ဝင်ငွေများများရဖို့ဆိုတာ တစ်ခုတည်းဟာ အဖြေမဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံး ဒီလိုစိတ်နဲ့သာ ပညာသင်၊ အလုပ်လုပ် နေရင် မိမိဘဝကို မပြည့်စုံသလိုခံစားရနိုင်သလို၊ မိမိကိုယ်ကို
တစ်ဦးတည်းသောကလေးတွေကို ငယ်စဉ်ကတည်းက ဝေမျှတတ်အောင်၊ အလျှော့ပေးတတ်အောင် သင်ကြားပေးဖို့မဖြစ်မနေလိုအပ်လှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဦးတည်းသောကလေးအများစုဟာ ငယ်စဉ်ကတည်းက အလိုလိုက်ခံရလေ့ရှိပြီး လိုချင်သမျှရလေ့ရှိတတ်လို့ပါ။ တစ်ဦးတည်းသောကလေးတစ်ယောက်ရဲ့ ကမ္ဘာဟာ သူတို့လေးတွေစိတ်ကြိုက် အမြဲဖန်တီးပေးခံထားရလေ့ရှိတတ်ပါတယ်။ ပတ်ဝန်းကျင်က သူတို့လေးတွေကို အမြဲ အလိုလိုက်အကြိုက်ဆောင် အလျော့ပေးထားတဲ့ အတွက် အမြဲတမ်းဦးစားပေးခံခြင်တဲ့အကျင့်၊ အလျော့မပေးတတ်တဲ့အကျင့်၊ မဝေမျှတတ်တဲ့အကျင့်တွေကိုရလာပါစေတယ်။ အဲ့ဒီ့အတွက် ကလေးကို ငယ်စဉ်ကတည်းက သူတစ်ပါးတွေနဲ့ အပေးအယူအကြောင်းတွေကို သိအောင်သင်ကြားပေးထားရမှာဖြစ်ပါတယ်။ ကလေးဘဝမှာကတည်း လောကရဲ့ “ သူ့အလှည့်ကိုယ့်အလှည့်” အကြောင်းကို သိအောင်သင်ပြပေးရမှာပါ။ ဒါမှဝေမျှတတ်တဲ့အကျင့်၊ အလျှော့ပေးတတ်တဲ့အကျင့်ကောင်းတွေရလာမှာဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်း မိဘနဲ့ လှမ်းလှမ်းမှာ နာရီပိုင်းလောက်ထားပေးပါ။ အနီးအနားက ပန်းခြံတစ်ခုမှာ သွားကစားခိုင်းတာမျိုး၊ ကစားကွင်းမှာ သွားကစားတာမျိုးကိုလုပ်ပေးပါ။သူတို့ရောက်တဲ့နေရာမှာ တွေ့တဲ့ရွယ်တူကလေးတွေနဲ့ ဆော့ကစားပါစေ။ အဲဒီလိုလွှတ်ပေးထားရင် ကလေးချင်းတွေ့တာနဲ့ သူတို့လေးတွေကြားမှာ လူမှု့ဆက်ဆံရေးတစ်ခု ဖြစ်အောင်ကြိုးစားပြီး လုပ်လာကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုပေါင်းသင်း
လတ်တလော မှတ်ချက်များ