ရှီချီဒါနည်းစနစ်ဆိုတာကတော့ ကလေးများရဲ့ညာဘက်ဦးနှောက်နဲ့ ဘယ်ဘက်ဦးနှောက်က စွမ်းရည်များကို ပိုမိုဖွံ့ဖြိုးအောင် လေ့ကျင့်ပေးတဲ့ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝကျော်ကတည်းက ပေါ်ပေါက်ခဲ့သော Japan နိုင်ငံမှ ဆင်းသက်လာတဲ့ ဒီသမိုင်းဝင် နာမည်ကျော် ရှီချီဒါ နည်းနစ်ဟာ ကလေးငယ်တွေသာမက သူတို့ရဲ့ အုပ်ထိန်းသူ မိသားစုဝင်များကိုပါ စိတ်ဓာတ်နဲ့အရည်အသွေးတွေ ဖွံ့ဖြိုးလာစေမယ့် ပညာရေးပုံစံတစ်ခုပါ။
ရှီချီဒါနည်းစနစ်နဲ့ လေ့ကျင့်ပေးခြင်းအားဖြင့် ဘယ်ဘက်ဦးနှောက်ရဲ့ ခွဲခြမ်းစိတ်ဖြာနိုင်သောစွမ်းရည် (Analytical Abilities) နဲ့ ညာဘက်ဦးနှောက်ရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးနိုင်သော စွမ်းရည် (Imaginative Abilities) တို့ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး သင့်ကလေးဟာ လေ့လာသင်ယူမှုမြန်ဆန်သော၊ လွတ်လပ်စွာ တွေးခေါ်နိုင်သော၊ ပြသနာများကို စိတ်ကူးဉာဏ်သစ်များဖြင့် ဖြေရှင်းနိုင်သော စွမ်းရည်များရရှိမယ့်အပြင် စာနာမှုပြည့်ဝသော၊ စိတ်ဓါတ်ကြံ့ခိုင်သော၊ သိတတ်နားလည်သော ဘက်စုံထူးချွန်တဲ့ လူသားလေးတစ်ဦးအဖြစ် ကြီးပြင်းလာစေမှာ ဖြစ်ပါတယ်။
နောက်တစ်မျိုး ပြောရရင်တော့ ရှီချီဒါနည်းစနစ်ဆိုတာ ကလေးများရဲ့ ဦးနှောက်တစ်ခုလုံးကို ဖွံ့ဖြိုးအောင် လှုံ့ဆော်ပေးတဲ့ ငယ်ရွယ်စဉ်အစောပိုင်းကာလ ပညာရေးတစ်ခုဖြစ်ပါတယ်။
လက်ရှိမှာတော့ ရှီချီဒါ ပညာရေးစနစ်ဟာ ကမ္ဘာတစ်ဝန်းက နိုင်ငံများဖြစ်တဲ့ သြစတြေးလျ၊ ကနေဒါ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မလေးရှား၊ ရိုမေးနီးယား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ အင်္ဂလန်၊ အမေရိကန်၊ ဗီယက်နမ်၊ မြန်မာ နိုင်ငံများမှာ ပြန့်နှံ့ အောင်မြင်နေပြီး ဖြစ်ပါတယ်။