
သင့်ရင်သွေး နှုတ်ဆက်တတ်တဲ့ အလေ့အကျင့်ကောင်းကို ရအောင် ဘာလို့လေ့ကျင့် ပေးသင့်တာလဲ ?
နှုတ်ဆက်တတ်ခြင်းဆိုတဲ့အလေ့အထကောင်းဟာ ပေါင်းသင်းဆက်ဆံရေးစွမ်းရည် ကိုတိုးတက်စေရုံသာမက နှစ်လိုဖွယ်ကောင်းတဲ့သူတစ်ယောက်ဖြစ်လာအောင် ဖန်တီးပေးလာနိုင်ပါတယ်။ ကလေးတွေ မူလတန်းတက်ပြီဆိုရင် ဆရာကို “မင်္ဂလာပါဆရာ” တို့ အပြင်မှာလူတွေနဲ့တွေရင် “Good Morning/Afternoon/Evening” “မင်္ဂလာပါ။ တွေ့ရဝမ်းသာပါတယ်” စသည်ဖြင့် နှုတ်ဆက်စကားတွေကို အပြုံးလေးတွေနဲ့ မျက်လုံးကြည့်ပြီး နှုတ်ဆက်တတ်နေတတ်တယ် ဆိုတာဟာ အိမ်မှာကတည်းကပုံမှန်လေ့ကျင့်ခဲ့တဲ့ အလေ့အကျင့်တွေကြောင့်ဖြစ်နေတာပါ။
နှုတ်ဆက်စကားပြောဆိုတတ်ပြီးရင် “ဘယ်သွားမလို့ပါလဲ” “နေကောင်းပါသလား” “ကျွန်တော့်၊ကျွန်မ နာမည်ဘယ်သူပါ” အစရှိတဲ့ စကားမျိုးတွေကိုလည်း အပြုံးလေးတွေနဲ့ အလွယ်တကူပြောလာနိုင်စေပါတယ်။ နှုတ်ဆက်ခြင်းဆိုတာ ရိုးရှင်းတယ်ဆိုပေမယ့် ကျောင်းသားငယ် တစ်ယောက်က ဆရာကို နှုတ်ဆက်လိုက်တဲ့အခါမှာ ကျောင်းသားနဲ့ဆရာအကြား၊ တစ်ခြားသူတွေကိုနှုတ်ဆက်တဲ့ အခါ ကလေးနဲ့ တစ်ခြားကလေးတွေကြား (သို့) တစ်ခြားသူတွေကြားမှာ မရင်းနှီးသေးဘူးလို့ ခံစားနေရတဲ့ စိတ်ခံစားမှုအတားအဆီးတွေ ဖယ်ရှားပြီးသားဖြစ်သွားစေပါတယ်။ ဆရာဖြစ်သူကို ယုံကြည်မှုရှိလာပြီး ဆရာနဲ့ စကားစမြည်ပြောနိုင်လာပါမယ်။ ဘယ်သူနဲ့မဆို စကားပြောဆိုဆက်ဆံတတ်လာပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့သူတစ်ယောက်ဖြစ်လာ စေပါတယ်။
လူမှုဆက်ဆံရေးကောင်းမွန်တဲ့သူတစ်ယောက်အဖြစ်အများက သတ်မှတ်လာကြတဲ့အတွက် ငယ်စဉ်ကတည်းက ဘဝအောင်မြင်မှု့ အတွက် အလေ့အကျင့်ကောင်းတွေကနေတဆင့် အဆင်သင့်ဖြစ်လာစေပါတယ်။