Blog Detail

သင့်ကလေးဟာ တစ်ကိုယ်ကောင်းဆန်ဆန် ဂျီတိုက်နေတယ်၊ အော်ဟစ်သောင်းကျန်း နေတယ်ဆိုရင် ဘယ်လိုမျိုး ဖြေရှင်းကြမလဲ ?

သင့်ကလေးဟာ တစ်ကိုယ်ကောင်းဆန်ဆန် ဂျီတိုက်နေတယ်၊ အော်ဟစ်သောင်းကျန်း နေတယ်ဆိုရင် ဘယ်လိုမျိုး ဖြေရှင်းကြမလဲ ?

မိဘတိုင်းလိုလို စိတ်ညစ်ကြတဲ့အထဲမှာ မိမိရင်သွေးရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူဆိုး လေးတွေပြုလုပ်ကြတဲ့အချိန်တွေပါပဲ။

စိတ်အနှောက်အယှက်ဖြစ်စေသလို၊ အရှက်ရဒေါသဖြစ်ရ တဲ့အခြေအနေမျိုးတွေလည်းကြုံရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကို ဘယ်လို အကောင်းဆုံး ကျော်လွှားကြမလဲ။ ပထမဆုံးလုပ်ရမှာကတော့ ဒီလို အခြေအနေမျိုးနဲ့ကြုံလာရင် စိတ်မညစ်ဖို့ပါ။ မိမိကိုယ်ကိုယ်စိတ်အေးအောင်ထားနိုင်တာအကောင်းဆုံးပါပဲ။ မဟုတ်ရင် အကျိုးပိုရှိလာစရာမရှိ လို့ပါပဲ။ သင်ကိုယ်တိုင်က စိတ်တည်တည်ငြိမ်ငြိမ်နဲ့ စောင့်ကြည့်နေနိုင်ဖို့လိုပါတယ်၊ ဒါဆိုရင် မကြာခင်မှာပဲ သင့်ကလေးတွေဟာ ပိုမို စိတ်ရှည်သည်းခံတတ်လာကြပါလိမ့်မယ်။

ဆွီဒင်လူမျိုးဆရာတစ်ဦးဖြစ်သူ ဂျိုဟန် ပက်စတာလော့ဇီကအခုလိုပြောပါတယ်။ “သားသမီးနဲ့ ပတ်သတ်ပြီး မိဘတွေစိတ်အနှောက်အယှက်ဖြစ်ရတာ၊ ရုန်းကန်းရတဲ့အခြေအနေတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝတွေပါပဲ။ ဒီလိုအခြေအနေတွေဖြစ်လာတာကို အမှန်အတိုင်းလက်ခံနိုင် ဖို့လိုပါတယ် ပြီးတော့ အကောင်းဆုံးရလာဒ်တွေရအောင် ဘယ်လိုလုပ်မလဲဆိုတာကို တွေးဖို့လိုပါတယ်။ အကြမ်းနည်းနဲ့ကိုင်တွယ်မယ်ဆိုတဲ့နည်းဟာ အသုံးမဝင်ပါဘူး။ သစ်ပင်တွေ၊ ကျောက်တုံးတွေကို တုတ်နဲ့ရိုက်လို့ ဘာမှမပြောင်းလဲသွားသလိုပါပဲ။ ဘာမှာအကျိုးထူးမှာမဟုတ် ပါဘူး။ သင့်ကလေးတွေဟာလည် သက်မဲ့တွေမဟုတ်ပါဘူး၊ အသက်ရှိတဲ့ တွေးခေါ်တတ်၊ ခံစား တတ်ကြတဲ့လူသားလေးတွေပါ။ သက်မဲ့တစ်ခုလိုမျိုး၊ တစ်ဘက်သက်အနိုင်ယူတဲ့ ဆက်ဆံမှုမျိုးကို ပြုလုပ်လို့ ပိုကောင်းတွေ အခြေအနေတွေမဖြစ်စေလာနိုင်ဘူးဆိုတာကို နှလုံးသွင်းဖို့လိုပါတယ်။

ကိုယ့်သားသမီးရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ တောင်ဆိုမှုတွေ၊ အပြုအမူဆိုးလေးတွေကြောင့် မိဘဖြစ်သူက စိတ်မကျေမနပ်နဲ့ အော်ဟစ်ဆူပူလိုက်လို့ ရည်တိုမှာ ဖြေရှင်းကောင်းဖြေရှင်းနိုင်ပေး မဲ့အရှည်သဖြင့် မှာ အကျိုးမဲ့စေပါတယ်။ တစ်ချို့မိဘတွေ ထင်တားတဲ့ သားသမီးနဲ့ မိဘဆိုတာ အားပြိုင်တယ်ဆိုတဲ့အတွေးတိမ်တိမ်တွေကြားဖူးကြပါလိမ့်မယ်။ အားမတန်လို့ မာန်လျော့တာ ပိုမို ကောင်းမွန်တဲ့ ဘဝလမ်းကြောင်းအပေါ်တင်ပေးလိုက်တာမဟုတ်သလို၊ သူတို့အားကြီးလာလို့ တန်ပြန်တဲ့အခါမှာ ကော ပိုကောင်းတဲ့အဖြေတွေဖြစ်လာမလားဆိုတာစဉ်းစားရပါလိမ့်မယ်။ မိမိ ကလေးအား လုပ်ခွင့်မပေးသင့်တဲ့အရာတွေတိုင်းအတွက် သင့်မှာ ခိုင်လုံတဲ့အကြောင်းပြချက်ရှိဖို့ လိုပါတယ်။

တစ်ပါးသူထိခိုက်စေမှာမို့ဆိုတဲ့အချက်တွေကို ဘယ်လိုနည်းနဲ့မှ ချိုးဖောက်ခွင့်မရှိဘူး ဆိုတာနားလည်စေရပါမယ်။ တည်တည်ငြိမ်ငြိမ်နဲဆက်ဆံပေးရပါလိမ့်မယ်၊ နောက်ဆုံး ကလေးက အငိုရပ်သွားပါလိမ့်မယ်။ တဖြည်းဖြည်နဲ့ မိဘရဲ့ မှန်ကန်ပြတ်သားတဲ့ စည်းသတ်မှတ်မှုဆိုတာ မလိုအပ်တဲ့ ဘောင်ကျဉ်းကျဉ်းလေးတစ်ခု မဟုတ်ဘူး၊ သတ်သတ်မဲ့ စိတ်ဖိစီးအောင်လုပ်ထားတဲ့ အရာတွေမဟုတ်ဘူးဆိုတာကို လက်ခံလာတဲ့အထိ သင့်ရဲ့ တည်ငြိမ်မှု၊ ပြတ်သားမှုတွေကို ပြသပေးရပါလိမ့်မယ်။ ဒီလိုနဲ့ သူတို့လေးတွေဟာ တန်ဖိုးထားအပ်တဲ့စည်းကမ်းနဲ့ အပြုအမူဆိုတာကို တန်းဖိုးထားလာကြပါလိမ့်မယ်။ သင့်ရဲ့ သည်းခံခြင်း၊ တည်ငြိမ်ခြင်း၊ ပြတ်သားခြင်းတွေဟာ သူတို့လေးတွေအတွက် လမ်းကြောင်းမှန်ပေါ်ရောက်အောင် တင်ပေးလိုက် နိုင်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Shichida Myanmar