Blog Detail

”  မိဘရဲ့ ချီးကျူးစကား”

” မိဘရဲ့ ချီးကျူးစကား”

တစ်ခါတစ်လေမှာ မိဘက ဘာရယ်မဟုတ်ပြောလိုက်တဲ့ချီးကျူးစကားလေးတစ်ခွန်းဟာ ကလေးရဲ့စိတ်ထဲမှာ စွဲစွဲမြြဲမဲထင်ကျန်နေတတ်ပြီး သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ တိုးပွားသွား စေပါတယ်။ ချီးကျူးခံရတဲ့အခါ ကလေးတွေဟာ ပျော်ရွှင်သွားကြရုံသာမက သူတို့ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေရပါတယ်။ မိမိကိုယ်မိမိ ယုံကြည် လေးစားတဲ့စိတ် ကို မြေတောင်မြှောက်ပေးရာရောက်ပါတယ်။ သူတို့ရဲ့ အားသာချက်ကို သူတို့ကိုယ်တိုင် သိနားလည် လာစေသလို လူတွေက သူတို့လေးတွေကို အသိအမှတ်ပြုထားတဲ့ ပုံရိပ်ကို တည်တံ့နေအောင် ကြိုးစားလုပ်ကိုင်လိုစိတ်ကို မွေးမြူပေးသလိုဖြစ်စေပါတယ်။ အမြဲတမ်းပိုမိုကောင်းမွန်တဲ့ အနေအထားမျိုးဖြစ်အောင် ပိုမိုကြိုးစားလုပ်ကိုင်တဲ့အတွက် အောင်မြင်မှုဆိုတာကို ရရှိစေပါတယ်။

တကယ်လို့ မိမိသားသမီးကို အသိအမှတ်ပြု ချီးကျူးမှုအားနည်းနေသည်ဟုထင်လျှင် မှတ်မှတ်ရရဖြစ်စေနိုင်သောနေ့ရက်များ (ဥပမာ သားသမီးတို့ရဲ့မွေးနေ့) တွင် သူတို့ရဲ့ အရည်အချင်းကောင်းများ အားသာချက်များကို ထုတ်ဖော်ချီးကျူးပေးပါ။ ချီးကျူးတဲ့နေရာမှာ မဖြစ်မနေသတိထားရမှာက ယေဘူယျဆန်ဆန်ချီးကျူးတာဟာ မှားယွင်းပါတယ်။ တိကျတဲ့ သူတို့လေးတွေ တကယ်လုပ်နိုင်တာတွေအပေါ်မှာ ချီးကျူးရမှာပါ။ ဆက်လက်တိုးတက် လုပ်ဆောင်နိုင်စေဖို့အတွက် အားပေးမှုကိုပါ တဆက်တည်းပြုလုပ်ပေးမယ်ဆိုရင် မိမိကိုယ်ကိုယ် ယုံကြည်လေးစားတဲ့စိတ်ကို အမှန်တကယ် မြေတောင်မြှောက်ပေးတာဖြစ်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Shichida Myanmar