
“မိဘတွေအနေနဲ့ သိထားသင့်တဲ့ ခေါင်းဆောင်မှု့အရည်ချင်းများ”
မိဘတွေ ဘာဖြစ်လို့ ဒီအချက်တွေကို သိထားသင့်သလဲဆိုတော့ မိမိရင်သွေးကို ပြုစုပျိုးထောင်တဲ့နေရာမှာ ဒီအချက်တွေကို အခြေခံပြီး ခေါင်းဆောင်ကောင်းတွေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်သလို၊ မိမိတို့ကိုယ်တိုင်လည်း စံပြအနေနဲ့ နမူနာ ကောင်းတွေ လုပ်ပြပေးနိုင်လာမှာဖြစ်လို့ပါပဲ။
စစ်မှန်သည့်ခေါင်းဆောင်ဖြစ်လာရန် အောက်ပါ အချက် (၇) ချက်ကိုလိုက်နာရပါမယ်။
(၁) အရည်အချင်းထက် ကိုယ်ကျင့်တရားကို ပိုပြီးအလေးပေးပါ။
(၂) ကိုယ့်အတွက်မကြည့်ဘဲ သူ့အကျိုးကိုပဲ ပိုပြီးလုပ်ပေးတတ်ပါစေ။
(၃) မိမိစိတ်နေစိတ်ထားတိုးတက်ကောင်းမွန်အောင် မြှင့်တင်ပါ။
(၄) တစ်ခြားသူများနှင့် ဆက်ဆံရေးကောင်းမွန်ပါစေ။
(၅) ပြတ်သားသောပန်းတိုင်နှင့် လိုအင်များရှိထားရပါမယ်။
(၆) ခြုံငုံသုံးသပ်နိုင်ခြင်းနှင့် စည်းရုံးနိုင်စွမ်း အထူးကောင်းမွန်ရပါမယ်။
(၇) သမိုင်းနှင့် ပထဝီဝင်ဆိုင်ရာ အမြင်ကောင်းကောင်းရှိထားရပါမယ်။
တခြားကလေးများနှင့် မိမိကိုယ်ကိုယ် နှိုင်းယှဉ်လေ့ရှိသောကလေးများ သို့မဟုတ် တခြားကလေးများနှင့် ယှဉ်ပြိုင်ရန်သာ စိတ်ဝင်စားသောကလေးများတွင် ခေါင်းဆောင်နိုင်တဲ့ အစွမ်းလျော့နည်းလေးရှိတယ် ဆိုတာကိုတော့ သတိထားပေးပါ။