Blog Detail

စိတ်နှလုံးဖြူစင်အောင် ဘယ်အရွယ်ကစပြီး သွန်သင်ကြမလဲ ?

စိတ်နှလုံးဖြူစင်အောင် ဘယ်အရွယ်ကစပြီး သွန်သင်ကြမလဲ ?

မွေးကင်းစအရွယ်ဟာ သင့်ရင်သွေးရဲ့ စိတ်နှလုံးဖြူစင်အောင် ပြုလုပ်ပေးဖို့ အသင့်တော်ဆုံး အချိန်ပါပဲ။
လူဟာ အသိုင်းအဝိုင်းနဲ့ နေထိုင်တတ်တဲ့သူတွေဖြစ်ပါတယ်။ ကျွနု်ပ်တို့အားလုံးသည် နေ့စဉ်နေ့တိုင်း ပတ်ဝန်းကျင်ရှိလူများနှင့် အပြန်အလှန် ထောက်ပံ့ကူညီခြင်း သို့မဟုတ် ထောက်ပံ့ကူညီခံရခြင်းတို့ပြုလုပ်နေရသည်။ ကိုင်းကျွန်မှီ ကျွန်းကိုင်းမှှီနေထိုင်ကြပါတယ်။ တစ်ဦးတည်းတစ်ယောက်တည်း နေထိုင်ရန်မှာ မဖြစ်နိုင်ပါ။ တစ်ကိုယ်ကောင်း အရမ်းဆန်တယ်ဆို တာဟာ လူ့ပတ်ဝန်းကျင်ကို အကျိုးဖြစ်ထွန်းမှုကို လစ်လျူရှုရာ ရောက်စေပါတယ်။
လူဆိုတာ တစ်ယောက်တည်း နေထိုင်ကြတာမှမဟုတ်တာပါ။ ကလေးတစ်ယောက်ရဲ့ ဘဝ အစကတည်းက သူ့ရဲ့ ဘဝကို ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေ၊ ဖြူစင်တဲ့စိတ်ထားတွေရှိလာအောင် သွန်သင်ထားသင့်ပါတယ်။
ဥပမာတစ်ခုအနေနဲ့ – ဘာအတွက် ပညာသင်ကြားရသလဲဆိုတဲ့ မေးခွန်းကို ဖြေကြည့်စေလိုပါတယ်။ အဖြေက အလုပ်ကောင်းကောင်းရဖို့ ဝင်ငွေများများရဖို့ဆိုတာ တစ်ခုတည်းဟာ အဖြေမဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံး ဒီလိုစိတ်နဲ့သာ ပညာသင်၊ အလုပ်လုပ် နေရင် မိမိဘဝကို မပြည့်စုံသလိုခံစားရနိုင်သလို၊ မိမိကိုယ်ကို လေးစားတဲ့စိတ် လည်းဖြစ်မိမှာ မဟုတ်ပါဘူး။
ပညာသင်ကြားတယ်ဆိုတာ လူမှုအသိုင်းအဝိုင်းအတွင်း ပိုမိုဝင်ဆံ့လာစေဖို့နဲ့ မိမိတတ်မြောက် ထားတဲ့ အတတ်ပညာတွေနဲ့ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုဖို့ဖြစ်ပါတယ်။ ဒါတွေဖြစ်ဖို့ ဆိုရင် မွေးစကတည်းကစပြီး ဘဝကိုရည်ရွယ်ချက်ရှိရှိ၊ စိတ်ထားဖြူစင်စွာဖြတ်သန်းဖို့ အတွက် သွန်သင် ပြသပေးရမှာပါ။ ကလေးကဘာနားလည်မှာမို့လို့လဲဆိုတဲ့မေးခွန်း အတွက်ဖြေပေးလိုတာက မိဘဖြစ်သူနဲ့ ပတ်ဝန်းကျင်ကနေ ကလေးက လေ့လာသင်ယူနေတာကိုမမေ့ပါနဲ့။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Shichida Myanmar