
“ငယ်စဉ်ကတည်းက မဖြစ်မနေသင်ကြားပေးရမဲ့ အရေးကြီးတဲ့ အလေ့အကျင့်များ”
ကလေးမွေးကင်းစမှာကတည်းကမိဘဖြစ်သူတွေက မိမိရင်သွေးကို ဘယ်လိုပုံစံမျိုးနဲ့ ပြုစုပျိုးထောင်မလဲဆိုတာကို ရှင်းလင်းတိကျစွာ နားလည်ပြီး ဒီအတိုင်အကောင်အထည်ဖော် မယ်ဆိုတာကို တိတိကျကျချမှတ်ထားမယ်ဆိုရင် မိမိရင်သွေးလေးတွေဟာထက်မြက် ကောင်းမွန်တဲ့လူကြီး တစ်ယောက်အဖြစ် ကြီးပြင်းလာကြမှာပါ။
မွေးကင်းစအရွယ်မှာ အရေးကြီးတဲ့ လေ့ကျင့်ပေးရန်စည်းကမ်းများ
၁။ မင်္ဂလာပါ လို့အမြဲနှုတ်ခွန်းဆက်ပါ။ (နှုတ်ဆက်တတ်အောင်လေ့ကျင့်ပေးပါ။ မိမိကိုယ်ကို မိတ်ဆက်တတ်အောင်လေ့ကျင့်ပေးထားပါ။)
၂။ အခေါ်ခံရတဲ့အခါတိုင်း ရှင်/ဗျာ (ယဉ်ကျေးသောစကားလုံးများဖြင့်သာ) အမြန်ဆုံးတုံ့ပြန် တတ်အောင်လေ့ကျင့်ပေးပါ။ (ခေါ်ရင်ထူးတတ်အောင်လေ့ကျင့်ပေးပါ။)
၃။ ဖိနပ်ကိုချွတ်တာနဲ့ သေသေသပ်သပ်စီထားတတ်အောင်လေ့ကျင့်ပေးပါ။
၄။ ထိုင်နေရာမှ ထလိုက်တာနဲ့ ထိုင်ခုံကို စနစ်တကျပြန်သိမ်းတတ်အောင်လေ့ကျင့်ပေးပါ။
၅။ ပိတ်ထားတဲ့အခန်း (သို့) ဖွင့်ထားသည့်တိုင် အထဲမှာလူရှိနေလျှင် တံခါးခေါက်ပြီးခွင့် တောင်းတတ်ဖို့ လေ့ကျင့်ပေးပါ။
၆။ ကျေးဇူးတင်စကားကို ဆိုတတ်အောင် လေ့ကျင့်သင်ကြားပေးပါ။
၇။ လူတိုင်းကို ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ကြင်ကြင်နာနာ ဆက်ဆံပြောဆိုတတ်အောင်လေ့ကျင့်ပေးပါ။
၈။ ပါးစပ်ကို လက်သုတ်ပါဝါ သို့မဟုတ် တစ်ရှုးနှင့် သုတ်တတ်အောင့်လေ့ကျင့်ပေးပါ။
၉။ အစာဝါးတိုင်း ပါးစပ်ကိုပိတ်ထားရန် လေ့ကျင့်ပေးပါ။
၁၀။ စကားကိုဖြတ်မပြောရန်လေ့ကျင့်ထားပေးပါ။
၁၁။ တစ်ခြားသူတစ်ယောက်ရဲ့ ပုံသဏာန်နှင့်ပတ်သတ်ပြီး မကောင်းမပြောရန်လေ့ကျင့်ပေးပါ။ ပျက်ရယ်ပြုခြင်း၊ လှောင်ပြောင်ခြင်း၊ နာမည်ပြောင်ပေးခြင်းများမပြုလုပ်ရန်လေ့ကျင့်ပေးပါ။ အကောင်းပြောတတ်အောင်လဲလေ့ကျင့်ပေးပါ။
၁၂။ သူတစ်ပါးကို ချီးမွမ်းစကားဆိုတတ်အောင် လေ့ကျင့်ပေးပါ။
၁၃။ လိုအပ်သူကို ကူညီတတ်အောင်လေ့ကျင့်ပေးပါ။
၁၄။ ဖုန်းကို ယဉ်ကျေးစွာဖြေတတ်အောင်လေ့ကျင့်ပေးပါ။
၁၅။ စကားပြောတိုင်းမျက်လုံးကြည့်ပြောတတ်အောင်လေ့ကျင့်ပေးပါ။
၁၆။ လက်ညှိုးထိုးတာတို့ စိုက်ကြည့်တတ်တာတို့မရှိအောင် လေ့ကျင့်ပေးပါ။
၁၇။ ချောင်းဆိုးတိုင်း နှာချေတိုင်း ပါစပ်ကို ကာထားပါ။
၁၈။ တစ်ယောက်တည်းဖြစ်နေသူကို အုပ်စုထဲကိုပါဝင်ဖို့ ဖိတ်ခေါ်တတ်အောင်လေ့ကျင့်ပေးပါ။
၁၉။ မိမိထက်အသက်ကြီးသူများကို သင့်တင့်သောအသုံးအနှုန်းများသုံးတတ်အောင့် လေ့ကျင့်ပေးပါ။ ဒီအချက်တွေက ကလေးသူငယ်ပညာပေးအချက်တွေဖြစ်ပါတယ်။ဒီအချက်တွေကိုငယ်ငယ် ကတည်းကမဖြစ်မနေသင်ကြားပေးရတဲ့အကြောင်းအရာများဖြစ်ပါတယ်။ ဒီလမ်းညွှန်သင်ကြားပေးချက်ကြောင့် ကလေးတွေက မိဘတွေနဲ့မိမိထက်အသက်ကြီးသူတွေကို လေးစားတတ်လာသလို၊ ဘယ်သူ့ကို မဆို လေးလေးစားစားဆက်ဆံရမယ်ဆိုတာနားလည်လာ စေပါတယ်။ တစ်ဖက်သားကို ယဉ်ယဉ်ကျေးကျေးဆက်ဆံတတ်လာစေပါတယ်။ ပြီးတော့ ကျေးဇူးတရားကိုသိတတ်လာပါမယ်။